တောင်ကိုရီးယားမင်းသား Lee Soo Hyuk နဲ့ Son Na Eun တို့ဟာဆိုရင် မကြာသေးမီက တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိနေပါတယ်။ အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာတဲ့သတင်းတွေအရ Son Na Eun နဲ့ Lee Soo Hyuk တို့နှစ်ဦးဟာ အချင်းချင်းချိန်းတွေ့နေကြပြီး စားသောက်ဆိုင်တစ်ခုထဲမှာ အတူတူရှိနေကြကြောင်း ၊ Gym ကို အတူတူသွားကြသလို နေ့တိုင်း တရားလည်း အတူတူ ထိုင်ကြကြောင်း ဖော်ပြထားပါတယ်။

Google
Google

ကာယကံရှင်နှစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာဆိုရင်လည်း ဆင်တူလေးတွေဖြစ်နေတာကြောင့် Netizen တွေရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်လျက်ရှိပါတယ်။Apink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Son Na Eun က နိုင်ငံခြားသားပုံစံ ကြွက်သားတောင့်တောင့် ပုံစံ မျိုးကို သဘောကျနှစ်သတ်တယ်လို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

သူမလိုချင်တဲ့ပုံစံအတိုင်း Lee Soo Hyuk ကလည်း ခန္ဓာကိုယ် တောင့်တင့်ပြီး အနောက်တိုင်းဆန်တဲ့ မျက်နှာမျိုး ပိုင်ဆိုင်ထားတာကြောင့် နှစ်ဦးရဲ့ အချစ်ရေးက ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Google
Google

တချို့ပရိသတ်တွေကလည်း သူတို့နှစ်ဦးက အေဂျင်စီတူတာကြောင့် အရမ်းခင်ကြတာဖြစ်ကြောင်း ၊ တွဲနေတယ်လို့တော့ မထင်မိကြောင်း ၊ သူငယ်ချင်းတွေသာဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ချိန်းတွေ့နေတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင် နှစ်ဦးဘက်ကရော ၊ အေဂျင်စီဘက်ကရော ငြင်းဆိုထားခြင်း မရှိပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။