တောင်ကိုရီးယားမင်းသားကြီး Ryu Soo-young ဟာဆိုရင် အနုပညာလောကမှာ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါ ကြီးမားတဲ့နေရာတစ်နေရာ ရထားတဲ့သူဖြစ်ပါတယ်။ 

Google

Ryu Soo-young က ၁၉၉၈ ခုနှစ်မှာ ပွဲဦးထွက်လာတဲ့ သူဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ Ryu Soo-young က မင်းသားတစ်ယောက်ဖြစ်ပေမယ့် ဟင်းချက်လက်ရာအရမ်းတော်ပြီး နူးညံ့သိမ်မွေ့တဲ့သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ 

Google

Ryu Soo-young က ဟင်းချက်ကောင်းရုံသာမက မိန်းမဖြစ်သူကို အရမ်းချစ်တတ်ပြီး အဖေကောင်းတစ်ယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။

Google
Google

Ryu Soo-young က သမီးလေးကို သေချာလေးထိန်းသိမ်းစောင့်ရှောက်တတ်တဲ့သူဖြစ်ပြီး သမီးလေးစားချင်တာမှန်သမျှချက်ကျွေးတတ်တဲ့သူလည်းဖြစ်ပါတယ်။  Ryu Soo-young က မိန်းမဖြစ်သူ အလုပ်သွားတဲ့အချိန်မှာလည်း မိန်းမစားဖို့ ဟင်းလျာတွေကို အလုပ်အထိ ဗူးနဲ့သယ်ပြီး ပို့ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ 

Google
Google

ဟင်းအချက်အပြုတ်တော်သလို ခင်ပွန်းကောင်း ၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ မင်းသား Ryu Soo-young ကလက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ လုပ်တာ ကြဲသွားခဲ့ပါပြီ။ 

Google

Ryu Soo-young က မိန်းကလေးများရဲ့စံပြခင်ပွန်းကောင်းဖြစ်ပြီး လက်ရှိမှာ သာယာလှပတဲ့ ချစ်စရာ မိသားစုလေးအတွက် အချိန်ပေးဖြစ်နေပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။