အဆိုတော် Gummy ဟာဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတို့ရဲ့ အနုပညာအရည်အချင်းအကြောင်းကို ပရိသတ်တွေဆီကို ဝေမျှပေးလာခဲ့ပါတယ်။ အဆိုတော် Gummy နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ မင်းသား Jo Jung Suk တို့က တွဲခဲ့ပြီး ၅ နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Google

Gummy  က သူမရဲ့ခင်ပွန်းဖြစ်တဲ့ Jo Jung Suk ဟာဆိုရင်သူမကို အမြဲတမ်းစောင့်ရှောက်မှုပေးနေပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ဂရုစိုက်ပြီးစောင့်ရှောက်ပေးတဲ့သူလို့ ဖော်ပြခဲ့ပါတယ်။ Gummy က သူမရဲ့ခင်ပွန်းဖြစ်သူဆီမှာ မယုံနိုင်လောက်စရာကောင်းတဲ့ အရည်အချင်းတွေရှိပြီး သူမရဲ့ ၃ နှစ်အရွယ် သမီးလေးမှာလည်း မိခင်ဖခင်တွေရဲ့ အရည်အချင်းတွေကို ရှိနေတယ်ဆိုတဲ့အကြောင်းကို ထပ်မံပြောခဲ့ပါတယ်။

Google

Gummy ဟာဆိုရင် သူမရဲ့ သမီးလေးက အသက် ၃ နှစ်အရွယ်သာရှိပြီး အသံလေးကလည်း အရမ်းကောင်းမွန်တာကြောင့် တကယ်ကို ပါရမီထူးချွန်လွန်းတဲ့ ကောင်မလေး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Google

တောင်ကိုရီးယားအဆိုတော် Gummy နဲ့ မင်းသား Jo Jung Suk တို့က ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ်မှာ သမီးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။