တောင်ကိုရီးယားမင်းသမီး နှစ်ယောက်ဖြစ်တဲ့ Lee Se Young နဲ့ Park Bo Young တို့ဟာဆိုရင် နာမည်ကြီးသလောက် အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်း နှစ်‌‌ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ဦးက Hot Young Bloods ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးအပြီးမှာ မမေ့နိုင်လောက်တဲ့ အမှတ်တရတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

Google
Google
Google

သူတို့နှစ်ဦးက သူငယ်ချင်းကောင်းတွေ ဖြစ်ကြပေမယ့်လည်း သရုပ်ဆောင်ပီပြင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး အခက်တွေ့ခဲ့ကြတဲ့ ဇာတ်ဝင်ခန်းက အိမ်သာထဲမှာ ရန်ဖြစ်ကြတဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး နှစ်ဦးစလုံးအတွက် စိတ်မကောင်းစရာ အကောင်းဆုံး ဇာတ်ဝင်ခန်းဖြစ်တယ်လို့ ဆိုပါတယ်။

Google
Google
Google

အဆိုပါ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေစဉ်မှာ Lee Se Young နဲ့ Park Bo Young တို့က စိတ်နှစ်ပြီး ရန်ဖြစ်ခဲ့တာကြောင့် Toilet ထဲက အိမ်သာထဲအထိ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးသားက စိတ်နှစ်ပြီး ရန်ဖြစ်ကြတာကြောင့် ဒါရိုက်တာကြီးဘက်ကနေ Cut လို့အော်တဲ့အချိန်မှာတောင် အရှိန်မသေနိုင်ကြဘူးလို့ သိရပါတယ်။ ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးစီးတဲ့အချိန်မှာ နှစ်ဦးသားက စိတ်မကောင်းဖြစ်လွန်းလို့ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်လို့ သိရပါတယ်။

Google
Google
Google

အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြပေမယ့် ဇာတ်လမ်းရဲ့သဘောအရ ရန်ဖြစ်ခဲ့ရတာကြောင့် မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုကြွေးခဲ့ရတဲ့ တောင်ကိုရီးယား သရုပ်ဆောင် သူငယ်ချင်း နှစ်ယောက်ရဲ့ အဖြစ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။