တောင်ကိုရီးယားမင်းသား Hyun Bin ပါဝင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ The Point Men ဇာတ်လမ်းဟာဆိုရင် မကြာမီအချိန်မှာထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ 

Google

The Point Men  ဇာတ်လမ်းကို ဒါရိုက်တာ Yim Soon Rye  က ရိုက်ကူးထားတာဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ The Point Men ဇာတ်လမ်းအတွက် official poster နဲ့ trailer ပါထွက်ရှိထားတာကြောင့် ပရိသတ်တွေက မင်းသား Hyun Bin ရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။ 

Google

The Point Men ဇာတ်လမ်းဟာဆိုရင် အဆိုးရွားဆုံး ပြန်ပေးဆွဲမှုကြောင့် တာလီဘန်တို့ရဲ့ ဓားစာခံဖြစ်ခဲ့တဲ့ ကိုရီးယားလူမျိုးများကို ကယ်တင်ရန် အာဖဂန်နစ္စတန်သို့ ဦးတည်သွားသော သံတမန်တစ်ဦးနှင့် NIS (အမျိုးသားထောက်လှမ်းရေးဌာန) အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 

Google
Google

ပထမဦးဆုံး ပိုစတာထဲမှာတင် Hyun Bin ရဲ့ပုံစံက အသားတွေ သိသိသာသာနေလောင်သလို ညိုမဲနေပြီး ၊ မျက်နှာဟာဆိုရင်လည်း တော်တော် ရင့်နေသလိုမျိုးဖြစ်နေပါတယ် ။ 

Google
Google

မျက်နှာမှာလည်း အမွေးအမြှင်များထူထပ်နေပြီးHyun Bin ဆိုတာကို မမှတ်မိတော့လောက်အောင်ဖြစ်နေပါတယ်။

Google

 တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင်မင်းသမီး Son Ye Jin နဲ့ လက်ထပ်ထားပြီး မကြာသေးမီကမှ သားဦးလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။