တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ကြင်စဉီးမောင်နှံ အိမ်တက်ပွဲလေးကို ကျင်းပခဲ့ပါတယ်။ Gong Hyo Jin က အဆိုပါ အကြောင်းအရာကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “My house. Two angels. I’m going to sprinkle it with your kind energy.” ဆိုတဲ့ စာသားလေးကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးထဲမှာ Gong Hyo Jin ရဲ့ အိမ်တက်ပါတီအခမ်းအနားကို မင်းသမီး Honey Lee ပါ တက်ရောက်နေတာကို တွေ့ရပါတယ်။ ဓာတ်ပုံလေးထဲမှာ Gong Hyo Jin နဲ့ Honey Lee တို့က မိတ်ကပ်မလိမ်းထားဘဲ သက်တောင့်သက်သာရှိတဲ့အဝတ်အစားလေး ဝတ်ထားတာတောင် အရမ်းချစ်ဖို့ကောင်းပြီး ပြည့်စုံလွန်းနေတာဖြစ်ပါတယ်။ ကြင်စဦးအိမ်လေးကို အဖြူရောင်နံရံတွေ ၊ အနက်ရောင်ဆိုဖာတွေနဲ့ ဖန်တီးအလှဆင်ထားတာကြောင့် အိမ်ပုံစံလေးက အဆင့်အတန်းမြင့်ပြီး ခေတ်မီလွန်းနေပါတယ်။

Google
Google
Google

Gong Hyo Jin နဲ့  Honey Lee တို့က ၂၀၁၀ ခုနှစ်တုန်းက MBC ရဲ့ ဒရမ်မာဖြစ်တဲ့ Pasta မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ဖူးတာကြောင့် သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးက ၁၀ နှစ်ကျော် ရှိနေပြီပဲ ဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် သူမထက် ၁၀ နှစ်ပိုပြီးငယ်တဲ့ အဆိုတော် Kevin Oh နဲ့ သီးသန့် မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက မင်္ဂလာပွဲဆင်နွှဲပြီးတဲ့နောက်မှာလည်း အလုပ်ကိုယ်စီလုပ်ကိုင်နေကြပြီး တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုအပြည့်နဲ့ ရှိနေပေးကြဆဲပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။