တောင်ကိုရီးယားမင်းသား Go Soo ဟာဆိုရင် သူ့ဘဝရဲ့အနုပညာလမ်းကြောင်း အစမှာကတည်းက ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကိုကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ Go Soo ပါဝင်ထားတဲ့  Missing: The Other Side Season 2 ဇာတ်လမ်းတွဲဟာဆိုရင်လည်း ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက ထွက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Google

အသက်အရွယ်ကြီးလာတဲ့အထိ မပြောင်းလဲတဲ့ မင်းသား Go Soo ရဲ့ ဘဝဟာဆိုရင်လည်း ပရိသတ်တွေ ထင်ထားသလိုမျိုး လွယ်ကူခဲ့တဲ့ဘဝတော့မဟုတ်ခဲ့ပါဘူး။

Google
Google
Google

Go Soo က ၁၉၉၈ ခုနှစ်မှာ အဆိုတော်တစ်ယောက်အဖြစ်ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး မိဘတွေ အသည်းအသည်တားမြစ်နေတဲ့ကြားကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။ Go Soo ရဲ့ မိဘတွေက သားဖြစ်သူ အနုပညာအလုပ်လုပ်တာ မကြိုက်ကြတာကြောင့် နေစရာနေရာတောင် မပေးခဲ့ဘူးလို့ သိရပါတယ်။ လမ်းဘေးမှာ အိပ်ရလုနီးပါးအထိ ဖြစ်ခဲ့တဲ့ Go Soo က အခက်အခဲတွေကို အကောင်းဆုံးကျော်လွှားနိုင်ခဲ့ပြီး လက်ရှိမှာတော့ အောင်မြင်မှု ရရှိနေတဲ့ မင်းသားအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Google
Google

Go Soo ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေက Jump,” “Ad Madness,” “Marrying the Mafia,” “Nonstop,” “Say it with Your Eyes,” နဲ့ “Mothers and Sisters.” ဇာတ်လမ်းတွေ ဖြစ်ကြပါတယ်။

Google

၂၀၀၅ ခုနှစ်ကလည်း Green Rose ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေ များစွာ သိမ်းပိုက်ရရှိခဲ့ပါတယ်။ Go Soo ရဲ့ ချစ်ဖို့ကောင်းပြီး တည်ငြိမ်တဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေ များစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့တာကြောင့် k-drama လောကရဲ့ ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နိုင်နေတာပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။