တောင်ကိုရီးယားမင်းသမီး Eugene ဟာဆိုရင် ချစ်ဖို့ကောင်းပြီး ရိုးသားကြည်လင်တဲ့မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Eugene က S.E.S အဖွဲ့နဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး အဆိုတော်အဖြစ်ဆောင်ရွက်ပြီးတဲ့နောက်မှာ သရုပ်ဆောင်လောကထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google

Eugene က အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်းသား Ki Tae-young နဲ့ ၂၀၁၁ ခုနှစ်မှာလက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ပြီးတဲ့နောက်မှာ Kim Ro-hee နဲ့ Kim Ro-rin လို့ခေါ်တဲ့ သမီးလေး နှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

Google

Eugene က သူမရဲ့သမီးလေးတွေ အကြောင်းကို နေ့စဉ်နေ့တိုင်း ဖော်ပြပေးလေ့ရှိပြီး ပရိသတ်တွေကိုလည်း သမီးလေးတွေနဲ့ အမြဲလိုလို မိတ်ဆက်ပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ Eugene က အခုတစ်ခေါက်မှာလည်း သူမရဲ့ ချစ်စရာ သမီးလေးပုံရိပ်ကိုဝေမျှပေးရင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရင်ဖွင့်လာခဲ့ပါတယ်။

Google
Google

Eugene က “ Ro-hee လေးတောင် တော်တော် အရွယ်ရောက်လာပြီ .. အချိန်လေး နည်းနည်းလောက်ပဲဖြစ်ဖြစ် နှေးနှေးလေးသွားဖို့ ဆုတောင်းပါတယ်။ သမီးလေး အသက်ကြီးလာတာနဲ့အမျှ ကျွန်မရဲ့ အသက်က ကြီးကြီးလာတယ် .. အချိန်လေးနည်းနည်းလောက်နှေးသွားဖို့ပဲ ဆုတောင်းပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။

Google

ပရိသတ်တွေကတော့ Eugene ရဲ့ သမီးလေးတွေကို ချစ်နေရင်းနဲ့ မင်းသမီး Eugene ရဲ့ ငယ်ရွယ်နုပျိုနေဆဲ ပုံရိပ်လေးကိုပါ ချစ်ခင်နှစ်သတ် အားကျနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။