တောင်ကိုရီးယားမင်းသားလေးတွေ အများစုက အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့တွေထဲမှာမှ လက်ရှိ နာမည်ကြီးရေပန်းစားနေတဲ့ အရပ်ရှည်ရှည်ချစ်စရာကောင်ချောလေးတွေကို ဖော်ပြပေးသွားပါမယ်။

Lee Kwang Soo

Google

တောင်ကိုရီးယားမင်းသား Lee Kwang Soo ဟာဆိုရင် အရပ် ၁၉၀ စင်တီမီတာအထိရှည်ပြီး ချောမောလွန်းလှတဲ့ ကောင်ချောလေးဖြစ်ပါတယ်။

၁၉၀ စင်တီမီတာဆိုတာမှန်ကန်တဲ့ ရလဒ်တစ်ခုမဟုတ်ဘဲ အပြင်က အရပ်က ဒီထက်မကရှည်တယ်လို့ သိရပါတယ်။ Lee Kwang Soo ရဲ့ ရှည်လျားတဲ့အရပ်ကြီးကြောင့် မင်းသမီးတွေနဲ့တွဲပြီး ဇာတ်လမ်းရိုက်ကူးရင် ကြည့်မကောင်းဘူးဆိုတဲ့အထိ အပြောခံခဲ့ရဖူးပါတယ်။

Moon Sang Min

Google

တောင်ကိုရီးယားမင်းသား Moon Sang Min ဟာဆိုရင်လည်း Under The Queen’s Umbrella နဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူပြောများနေတဲ့ သူလေးဖြစ်ပါတယ်။  Moon Sang Min ရဲ့ အရပ်က ၁၉၀ စင်တီမီတာအထိရှိတာကြောင့် အရပ်နဲ့တင် ကောင်မလေးတွေ အများစုက ကြွေဆင်းသွားကြပါတယ်။

Kim Hyun Jin

Google

တောင်ကိုရီးယားမင်းသား Kim Hyun Jin ဟာဆိုရင်လည်း Cheer Up ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ်။

Kim Hyun Jin က ၁၈၉ စင်တီမီတာအရပ်ရှိပြီး အရပ်ရှည်ရှည် ချောမောလှပလွန်းတဲ့ အနုပညာရှင်စာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ Kim Hyun Jin က သူ့ရဲ့ အရပ်က ထင်ထင်မြင်မြင်ရှိပြီး ချောမောခန့်ညားလွန်းနေတာကြောင့် နှုတ်ခမ်းနီမလေးတွေကြားမှာ အသည်းစွဲ အဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။

Ahn Hyo Seop

Google

တောင်ကိုရီးယားမင်းသား Ahn Hyo Seop ဟာဆိုရင်လည်း Lovers of the Red Sky ဇာတ်လမ်းနဲ့ Business Proposal ဇာတ်လမ်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ Ahn Hyo Seop ရဲ့ အရပ်က 189 စင်တီမီတာထိရှည်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လတ်ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။