တောင်ကိုရီးယားမင်းသမီး Goo Hye Sun ဟာဆိုရင် တစ်ခေတ်တစ်ခါက F4 ချစ်သူဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Goo Hye Sun က သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ၊ အဆိုတော်တစ်ယောက်အနေနဲ့ရော ၊ ဒါရိုက်တာနဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ဆောင်ရွက်ရာမှာ ထူးချွန်တဲ့သူဖြစ်ပါတယ်။

Google
Google

Goo Hye Sun က  ၂၀၀၆ ခုနှစ်မှာ Pure in Heart ဇာတ်လမ်းတွဲ ၊ ၂၀၀၇ ခုနှစ်တုန်းက The King And I ဇာတ်လမ်းတွဲ ၊ ၂၀၀၉ ခုနှစ်မှာ Boys Over Flowers၊ ၂၀၁၂ခုနှစ်မှာ Captain ဇာတ်လမ်းတွဲ ၊ ၂၀၁၄ ခုနှစ်မှာ Angel Eyes နဲ့ ၂၀၁၅ ခုနှစ်မှာ Blood ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google

Goo Hye Sun က ၂၀၁၆ ခုနှစ်မှာ သူမချစ်ရတဲ့ ချစ်သူဖြစ်တဲ့ မင်းသား Ahn Jae-hyun နဲ့ လက်ထပ်ခဲ့ပြီး လက်ထပ်ပြီး ၄ နှစ်အကြာ ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ရပါတယ်။

Google

Goo Hye Sun ဟာဆိုရင် သူငယ်ချင်းအပေါင်းအသင်း မများတဲ့သူဖြစ်တာကြောင့် တိရစ္ဆာန်လေးတွေကိုသာ သံယောဇဉ်တွယ်ပြီး ခင်တွယ်နေရတဲ့သူဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း Goo Hye Sun ချစ်ရတဲ့ သူတွေနဲ့ အချိန်ကြာကြာကြီး ရှိနေဖို့ ပါရမီ မပါဘူးလို့ ဆိုရလောက်အောင် သူမချစ်ရတဲ့ ခွေးလေးတွေကလည်း သူမထက်အရင် စွန့်ခွာသွားကြတယ်လို့ သိရပါတယ်။

Google

Goo Hye Sun က ၂၀၂၂ ခုနှစ်က သူမဘဝအတွက် ရှည်လျားတဲ့ နှစ်ကာလကြီး ဖြစ်ကြောင်း သူမအရမ်းချစ်ရတဲ့ ခွေးကလေး ၃ ကောင်ဖြစ်တဲ့ Ddangkong (peanut) ၊ Gamja (potato) နဲ့ Mandu (dumpling) တို့ကိုပါ နှုတ်ဆက်ခွဲခွာခဲ့ရကြောင်း ၊ ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတဲ့အတွက် အနုပညာကိုလုပ်ရင်း မျှော်လင့်ချက်လေးနဲ့ အနာဂတ်မှာ တောက်ပသူဖြစ်အောင် ကြိုးစားနေတာဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Goo Hye Sun ဟာဆိုရင် အောက်တိုဘာလတုန်းက ၂၇ ကြိမ်မြောက် Busan International Film Festival ပွဲတော်ကို တက်ရောက်ပါဝင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။