မင်းသားကြီး Lee Bum Soo ဟာဆိုရင် သူ့ရဲ့ကျောင်းသားတွေကို အနိုင်ကျင့်နှိပ်စက်မှုနဲ့ သတင်းတွေထွက်နေပါတယ်။Guje ရဲ့အဆိုအရ ရှင်းဟန်တက္ကသိုလ်ရဲ့ Performing Arts ဠာနကနေ အီးမေးလ်ပို့ချက်တွေအရ Lee Bum Soo က ကျောင်းသားတွေကို အလွန်အမင်းအတင်းအကျပ်ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Google

Lee Bum Soo ဟာဆိုရင် ကျောင်းသားတွေကို ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ချင်လာအောင်အထိ တိုက်တွန်းမှုတွေ ရှိနေပြီး ပိုက်ဆံချမ်းသာတဲ့ကျောင်းသားတွေကို တစ်မျိုးဆက်ဆံကာ ဆင်းရဲတဲ့ကျောင်းသားတွေကို တစ်မျိုးဆက်ဆံတယ်လို့သိရပါတယ်။ Lee Bum Soo က ချမ်းသာတဲ့ကျောင်းသားတွေရှိတဲ့ A အတန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဆင်းရဲတဲ့ကျောင်းသားတွေရှိတဲ့ B အတန်းကို ဆိုးဆိုးရွားရွားတွေ ဆက်ဆံတယ်လို့ သိရပါတယ်။

Google

ကျောင်းသားတွေရဲ့ အီးမေလ်းတွေကနေတဆင့် တိုင်ကြားစာတွေက အရမ်းများလာတာကြောင့် Lee Bum Soo ကို ပရိသတ်တွေက ဝေဖန်မှုတွေ ပြုလုပ်ထားကြပါတယ်။ တချို့ကျောင်းသားတွေကလည်း အခုထွက်ရှိနေတဲ့သတင်းက မမှန်ကန်ဘဲ သူတို့ရဲ့ ဆရာဖြစ်တဲ့ မင်းသား Lee Bum Soo က ကောင်းမွန်တဲ့သူဆိုတာကို သက်သေပြပေး ပြီး ဝိုင်းပြောပေးခဲ့ကြပါတယ်။

Google
Google

Lee Bum Soo ရဲ့ အေဂျင်စီဖြစ်တဲ့ Big Punch Entertainment မှ တာဝန်ရှိသူတွေကတော့ မင်းသား Lee Bum Soo က ပရော်ဖက်ဆာတစ်ယောက်အနေနဲ့ ဆောင်ရွက်နေခဲ့တာကြာပြီဖြစ်ကြောင်း ၊ အခုဖြစ်စဉ်က သူတို့သရုပ်ဆောင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကြောင်း ၊ ပါမောက္ခတစ်ယောက်အနေနဲ့ Lee Bum Soo ရဲ့ အလုပ်အကြောင်းကို မသိကြောင်း ဆိုခဲ့ပါတယ်။

Google

Lee Bum Soo ဟာဆိုရင် ၂၀၁၄ ခုနှစ်ကတည်းက ရှင်းဟန် တက္ကသိုလ် ဖျော်ဖြေရေးအနုပညာဌာနမှာ အကြီးအကဲအဖြစ် သင်ကြားဆောင်ရွက်လျက်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။