တောင်ကိုရီးယားမင်းသားကြီး Jeong Woong-in ဟာဆိုရင် ဗီလိန် ဇာတ်ပို့ဇာတ်ကောင်တွေနေရာတိုင်းမှာ အမြဲလိုလို ပါဝင်လေ့ရှိတဲ့သူဖြစ်ပါတယ်။ Jeong Woong-in က  ကိုယ်တိုင်က လူကြမ်းသရုပ်ဆောင်ကြီး ဖြစ်ပေမယ့် သမီးလေးတွေကိုတော့ မင်းသမီးလေးတွေလိုမျိုး နုနုထွတ်ထွတ် ထားတဲ့သူဖြစ်ပါတယ်။ Jeong Woong-in က ဇနီးဖြစ်သူနဲ့ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သမီးလေး ၃ ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

Google

Jeong Woong-in ရဲ့ သမီး အကြီးဆုံးလေးက လက်ရှိမှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Jeong Woong-in ရဲ့ သမီးလေးက အရမ်းချစ်ဖို့ကောင်းပြီး လှလှပပလေး အရွယ်ရောက်နေပြီဖြစ်တဲ့အကြောင်းကို Jeong Woong-in ရဲ့ အမျိုးသမီးဖြစ်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google

ဓာတ်ပုံလေးထဲမှာ Jeong Woong-in ရဲ့ အကြီးဆုံးသမီးလေးက ခွေးလေးနဲအတူ လမ်းလျှောက်နေပြီး အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာဖြစ်ပါတယ်။ Jeong Woong-in ရဲ့သမီးလေးက ဟူဒီလေးနဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးကို ဝတ်ထားပေမယ့် အရမ်းချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google

ဇာတ်ပို့သရုပ်ဆောင်ကြီး Jeong Woong-in ဆီမှာ Jeong Se-yoon ၊ Jeong So-yoon နဲ့  Jeong Da-yoon ဆိုတဲ့ သမီး ၃ ယောက်ရှိပြီး ကလေးလေးတွေ အရမ်ကို လှလွန်းကြပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသားကြီး Jeong Woong-in က ၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သူ့ရဲ့သမီးလေးတွေနဲ့အတူ Daddy Where Are You Going 2 အစီအစဉ်မှာ ပါဝင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။