တောင်ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rosé ဟာဆိုရင် Spotify ကုမ္ပဏီရဲ့ စီအီးအိုနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ရှိနေပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ Netizen တွေက Spotify က စီအီးအိုနဲ့ Rose တို့ အတူတကွ ဟိုတယ်ထဲ ဝင်သွားတဲ့ ဗီဒီယိုတွေကိုတောင်  ဖြန့်ဝေခဲ့ကြပါတယ်။

Google
Google

ဆောင်းပါးတွေ အများစုမှာလည်း Rose က Spotify ရဲ့ Jeremy Erlich နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အကြောင်းကို ထင်ရှားစွာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ သူတို့နှစ်ဦးက ပွဲအခမ်းအနားတွေကိုလည်း အတူတွဲပြီးတက်ရောက်ခဲ့ပြီး ပြန်တဲ့အချိန်မှာ ကားတစ်စီးတည်း အတူတူ စီးသွားတာကြောင့် ပရိသတ်တွေကြားမှာ ခန့်မှန်းချက်တွေ မြင့်တက်နေတာဖြစ်ပါတယ်။

Google
Google
Google

တချို့ပရိသတ်တွေကလည်း Jeremy Erlich ဟာ အခြားကမ္ဘာ့အနုပညာရှင်များနှင့် အမြဲရင်းရင်းနှီးနှီးနေတဲ့သူဖြစ်တာကြောင့် သူ့ရဲ့အမူအရာများက အနောက်တိုင်းယဉ်ကျေးမှုတွင် ပုံမှန်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

Google
Google

ထွက်ရှိလာတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီးတော့တော့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ Rosé နှင့် CEO ဘက်မှ တရားဝင်ထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိခဲ့သေးပါဘူး။

Google

BLACKPINK အဖွဲ့ဝင်များဟာဆိုရင် Spotify ၏ CEO များနဲ့ သာမက ကမ္ဘာတစ်ဝှမ်းရှိ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့်လည်း နီးစပ်တဲ့သူတွေ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။