2010 ခုနှစ်များတွေမှာ ပလပ်စတစ်ဆာဂျရီလုပ်ခြင်းဟာ ကိုရီးယားမင်းသမီးတွေအတွက် အသက်ကိုပြောင်းလဲစေသောဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ် ။ မျက်နှာခွဲစိတ်မှုလုပ်ခြင်းကနေ အောင်မြင်မှုတွေရှိသလို တချို့ အနုပညာရှင်တွေဟာဆိုရင် ခွဲစိတ်မှု ကျရှုံးသွားတာတွေ ရှိပါတယ်။ အဲဒီထဲမှာ မင်းသမီးကြီး Lee Hye Young လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Google

မင်းသမီး Lee Hye Young က ၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Lee Hye Young က ၁၉၉၅ ခုနှစ်မှာ “Sons of the Wind” ဇာတ်လမ်းမှာ ပထမဦးဆုံး သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ထို့နောက် “The Boss” နဲ့  “Crow” ဇာတ်လမ်းမှာ ပါဝင်ခဲ့ပြီး အာရှတစ်လွှားမှာ ရေပန်းစားမှုတွေများစွာ ရရှိခဲ့ပါတယ်။

Google

Lee Hye Young က နောက်ပိုင်းမှာလည်း ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့ သရုပ်ဆောင်ချက်တွေက မတ်လောက်စရာ မရှိခဲ့ပါဘူး။ဒီလိုနဲ့ မင်းသမီးကြီး Lee Hye Young က ၂၀၂၁ ခုနှစ်မှာ အိမ်‌‌ထောင်ပြုခဲ့ပြီး အနုပညာလောကထဲကနေ နှုတ်ထွက်ခဲ့ပါတယ်။

Google
Google
Google

တချို့တွေကတော့ Lee Hye Young ကို အောင်မြင်မှုတွေ မရတော့လို့ အနုပညာလောကထဲကနှုတ်ထွက်သွားတာလို့ ဆိုကြပေမယ့် တချို့ကတော့ မျက်နှာခွဲစိတ်မှု ကျရှုံးသွားလို့ အနုပညာ လောကထဲကနေ နှုတ်ထွက်သွားတာလို့ ဆိုကြပါတယ်။

Google
Google

Lee Hye Young က လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားမှာ နေထိုင်နေတာဖြစ်ပြီး ကိုရီးယားကိုလည်း ပွဲအခန်းအနားတွေရှိမှ တစ်ခါတစ်လေ လာလေ့ရှိတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။