Crash Landing On You ဇာတ်လမ်းထဲမှာ ချစ်ကြိုက်ခဲ့ကြတဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ဟာဆိုရင် သူတို့ရဲ့သားဦးလေးကို ပြီးခဲ့တဲ့လက မွေးဖွားခဲ့ကြ ပါတယ်။ ကလေးလေးကိုစတင်မွေးဖွားခဲ့တဲ့အချိန်ကစလို့ မြန်မာပြည်တစ်ခုလုံးက ပရိသတ်တွေက သူတို့ရဲ့ ရင်သွေးလေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Google

အရမ်းလိုချင်နေတဲ့ သားဦးလေးဖြစ်တာကြောင့် Hyun Bin နဲ့ Ye Jin တို့က သားလေးကို တုန်နေအောင်ချစ်ပြီး ရှိသမျှ ပုံအောပြီး ငွေကိုသုံးပေးကြပါတယ်။ Hyun Bin ဟာဆိုရင်လည်း သားလေးမမွေးခင်ကတည်းက သားလေးသာရရင်ဆိုတဲ့ စိတ်နဲ့ ကလေး ဖိနပ်လေးတွေ ဝယ်လေ့ဝယ်ထရှိတယ်လို့ သိရပါတယ်။

Google

အခုတစ်ခေါက်မှာလည်း Hyun Bin က သားလေးကိုတင်စီးဖို့ မားစီးဒီးအမှတ်တံဆိပ် ကလေးတွန်းလှည်းလေးကို အမေရိကန်ဒေါ်လာ 1.5 k အထိပေးပြီး ဝယ်ယူခဲ့ကာ ငွေအပြည့်ပေးချေသွားခဲ့ပြီလို့ သိရပါတယ်။ တချို့ပရိသတ်တွေကလည်း သားလေးကို အလိုလိုက်လွန်းတဲ့ Hyun Bin ကို အရမ်း အားကျနေကြပါတယ်။

Google

ဒါက ပရိသတ်တွေသိတဲ့အကြောင်းအရာလေးသာဖြစ်ပြီး ပရိသတ်တွေ မသိသေးတဲ့ အခြား အကြောင်းအရာတွေလည်း အများကြီး ရှိနေပါသေးတယ်။ Hyun Bin ကိုယ်တိုင်က သားလေးတစ်ယောက် အရမ်းလိုချင်နေတာလို့ ပြောခဲ့တာဖြစ်တဲ့အတွက် အခုလိုမျိုး ရှာထားသမျှငွေတွေကို ပုံအောပြီး သားလေးကို အမ်းနေတာဖြစ်တယ်လို့လည်း ပရိသတ်တွေက မှန်းထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။