တောင်ကိုရီးယားမင်းသမီး So Yi-hyun ဟာဆိုရင် မင်းသား In Gyo-jin နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သမီးလေးတစ်ယောက်နဲ့ ၂၀၁၇ ခုနှစ်မှာ ဒုတိယသမီးလေးကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မင်းသမီး So Yi-hyun နဲ့ မင်းသား In Gyo-jin တို့က အရမ်းကို ချစ်ကြတဲ့ စုံတွဲလေးဖြစ်ပြီး သာယာလှပတဲ့ အိမ်ထောင်မှု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတွေ ဖြစ်ပါတယ်။

Google
Google

သူတို့စုံတွဲနှစ်ဦးက အရမ်းကို ချစ်ဖို့ကောင်းပြီး အောင်မြင်တဲ့ အနုပညာရှင်တွေဆိုပေမယ့် လက်ရှိမှာတော့ အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး သားသမီးတွေကို စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ So Yi-hyun က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချစ်ဖို့ကောင်းပြီး ပြောင်းလဲလာတဲ့ သမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။

Google
Google
Google
Google

အခုတစ်ခေါက်မှာလည်း So Yi-hyun က အဖေမျက်နှာနဲ့အမေမျက်နှာ နှစ်ခုလုံးထဲက အချောလေးတွေ အားလုံးကို အမွေဆက်ခံထားတဲ့ ချစ်စရာသမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။

Google

So Yi-hyun ရဲ့ သမီးလေးရဲ့မျက်လုံးလေးက အဖေရဲ့ မျက်လုံးလေးနဲ့တူပြီး မျက်နှာပေါက်ကျတဲ့ပုံစံလေးက အမေနဲ့ ချွတ်ဆွတ်ပါပဲနော်။

Google

So Yi-hyun  နဲ့ In Gyo-jin တို့ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေး နှစ်ယောက်ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။