တောင်ကိုရီးယားမင်းသမီး Park Chae Yim ဟာဆိုရင် တစ်နေ့တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae Yim က နာမည်ကြီးပြီးအောင်မြင်မှု ရရှိနေတဲ့သူဆိုပေမယ့် အိမ်ထောင်နှစ်ဆက်ကွဲပြီးတဲ့နောက်မှာ အနုပညာ လှုပ်ရှားမှုတွေကနေ ရပ်နားထားပြီး သားလေးအတွက်ကိုပဲ အချိန်တွေ ပိုပေးဖြစ်နေတာ ဖြစ်ပါတယ်။

Google

Park Chae Yim က အခုတစ်ခေါက်မှာလည်း အင်္ဂလိပ်စကားကို ပီပီသသ ရွတ်ဖတ်ပြီး တောင်ကိုရီးယားအသင်းအတွက် တခဲနက် အားပေးနေတဲ့ သားလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ ဗီဒီယိုဖိုင်လေးထဲမှာ Park Chae Yim ရဲ့ သားလေးက သူသဘောကျရတဲ့ ဘောလုံးအားကစားသမားကြီးလို ဖြစ်ချင်တဲ့အကြောင်းကိုပါ ထည့်သွင်းပြီးပြောထားပါတယ်။

Google
Google
Google

Park Chae Yim ကို ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ မင်းသမီး ဆန်းမီလို့ လူသိများပြီးနောက်မှာ တဟုန်ထိုးအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Park Chae Yim က အိမ်ထောင် နှစ်ဆက် ကျခဲ့ဖူးတဲ့သူဖြစ်ပြီး ဒုတိယ အိမ်ထောင်နဲ့ ကြမှ သားဦးလေးကိုရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ Park Chae Yim ရဲ့ သားလေးက တောင်ကိုရီးယား တရုတ်ကပြားလေး ဖြစ်တာကြောင့် အရမ်းကို ချစ်ဖို့ကောင်းပြီး ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်ပါတယ်။

Google

Park Chae Yim က ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်စေဖို့အတွက် တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ သားလေးရဲ့ အကြောင်းကို ပရိသတ်တွေဆီကို နေ့စဉ်နေ့တိုင်း ဝေမျှပေးနေတာဖြစ်ပါတယ်။

Google

တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ Single Mother Park Chae Yim ရဲ့ အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။