တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာဆိုရင် အနုပညာလောကကနေ အနားယူပြီး ၂ နှစ်အကြာမှာ ဇာတ်လမ်းရိုက်ကူးမှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။ Lee Min Jung က တောင်ကိုရီးယားမင်းသား Lee Byung Hun နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အနုပညာလောကထဲကို တစ်ဖန်ပြန်ပြီး ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။

Google

မကြာသေးမီက ရိုက်ထားတဲ့ ဇာတ်လမ်းထဲမှာ မင်းသမီး Lee Min Jung က Kwon Sang Woo နဲ့ အတူတွဲပြီး သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းထဲမှာ Lee Min Jung က Kwon Sang Woo နဲ့ ရမ္မတ်ပြင်းထန်တဲ့ အနမ်းမျိုးပေးနေတဲ့ ဇာတ်ဝင်ခန်းကို အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။

Google

အနမ်းဇာတ်ဝင်ခန်းကို ရိုက်ကူးနေစဉ်မှာလည်း နှစ်ဦးသား တကယ် အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ နှစ်ဦးစလုံးက ရမ္မတ်ပြင်းထန်တဲ့ ဇာတ်ဝင်ခန်းမျိုးကို ရိုက်ကူးနေကြရပေမယ့်လည်း ပိုင်ဆိုင်သူ တစ်ယောက်စီ ရှိနေကြပြီးသားဖြစ်တာကြောင့် အခုလို ဇာတ်ဝင်ခန်းမျိုးက တကယ် အဆင်မပြေဖြစ်ရတယ်လို့ သိရပါတယ်။

Google
Google
Google
Google

နှစ်ဦးသားရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ Son Tae Young နဲ့ Lee Byung Hun တို့ဟာဆိုရင်လည်း အဆိုပါ ဇာတ်ဝင်ခန်းမျိုးကို တွေ့ရရင် အံ့ဩတုန်လှုပ်သွားမှာ ဖြစ်တယ်လို့ တချို့ ပရိသတ်တွေက ဆိုကြပါတယ်။ ကာယကံရှင်သရုပ်ဆောင်တွေကတော့ သူတို့က ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်ကို အလုပ်နဲ့အတူဆုံးဖြစ်အောင် လုပ်ကြတာဖြစ်လို့ဘာမှ မဖြစ်ဘူးလို့ ဆိုပါတယ်။

Google

မင်းသမီး Lee Min Jung က သရုပ်ဆောင်အရမ်းတော်တဲ့သူဖြစ်ပြီး ဇာတ်ဝင်ခန်းထဲမှာ နစ်မြုပ်မှုအား ကောင်းမွန်လွန်းတာကြောင့် သူမရဲ့ သားအရင်းကတောင် ဇာတ်ဝင်ခန်းထဲက သားဖြစ်သူကို မနာလို ဖြစ်မိတယ်လို့ ဆိုပါတယ်။

Google

အသီးသီးအိမ်ထောက်ကိုယ်စီရှိကြတဲ့ တောင်ကိုရီးယားမင်းသမီး Lee Min Jung နဲ့ Kwon Sang Woo တို့နှစ်ဦးရဲ့ ပြင်းထန်တဲ့ အနမ်းတွေ ပါတဲ့ ဇာတ်ဝင်ခန်းက Switch ဆိုတဲ့ ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။