မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့တဲ့ VAST Entertainment ရဲ့ ထုတ်ပြန်ချက်အရ Harbin ဇာတ်လမ်းတွဲရိုက်ကူးမှုကို ရပ်နားထားတယ်လို့ သိရပါတယ်။ Hyun Bin က လက်ရှိမှာ သမိုင်းဝင် စပိုင်အက်ရှင်ရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်အဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး မွန်ဂိုလီးယားမှာ ဇာတ်လမ်းတွဲ ရိုက်ကူးမှု ပြုလုပ်နေတာဖြစ်ပါတယ်။

Google
Google

Hyun Bin က ဇာတ်လမ်းတွဲ ရိုက်ကူးမှုအတွက် မွန်ဂိုလီးယားကိုရောက်နေတဲ့အချိန်မှာ Son Ye Jin က ကလေးလေး မွေးဖွားခဲ့တာကြောင့် Hyun Bin အနေနဲ့ တောင်ကိုရီးယားကို ချက်ချင်းပြန်လာခဲ့ပြီး မိန်းမနဲ့ကလေးနားမှာ အတူရှိပေးခဲ့ပါတယ်။

Google

Hyun Bin က လက်ရှိမှာ ရိုက်ကူးရေးလုပ်ငန်းတွေ အကုန်လုံး ရပ်နားထားပြီး မိန်းမနဲ့သားလေးနဲ့အနားမှာ ရှိနေပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း Hyun Bin က Harbin ဇာတ်ကားရိုက်ကူးမှုတွေ အားလုံးကို ရပ်နားထားပြီး လာမယ့်နှစ် Lunar New Years အထိ မိန်းမနဲ့သမီးလေးအနားမှာ ရှိနေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google

တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် Hyun Bin နဲ့ Son Ye-jin တို့က ၂၀၂၀ ခုနှစ်တုန်းက Crash Landing on You ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက တရားဝင် တွဲပြီး တစ်နှစ်အကြာမှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ မင်းသမီး Son Ye-jin တစ်ယောက် အနုပညာ အလုပ်တွေ ပြန်လုပ်မှာလား မလုပ်ဘူးလားဆိုတာကို ပရိသတ်တွေက ဆက်လက်ပြီး စောင့်ကြည့်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။