True Beauty ဇာတ်လမ်းကို ရေးခဲ့တဲ့ Webtoon ဆရာမလေး Yaongyi ဟာဆိုရင် လက်ထပ်သွားပြီဖြစ်ကြောင်းပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ အခုအကြောင်းအရာကို Yaongyi က ဒီဇင်ဘာလ ၃ ရက်နေ့က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ Yaongyi ရဲ့ ကျက်သရေရှိလွန်းလှတဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေက ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံခဲ့ပါတယ်။ 

Google

Yaongyi က သူမတစ်ဘဝလုံးအတူနေသွားချင်တဲ့သူနဲ့တွေ့ဆုံခဲ့ပြီဖြစ်ကြောင်းကိုပါပြောခဲ့ပြီး သတို့သားလေးနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ 

Google
Google

Yaongyi က နာမည်ကြီးပြီး အောင်မြင်ကျော်ကြားလွန်းတဲ့ True Beauty ဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်လေးဖြစ်သလိုချောမောလွန်းတဲ့သူအဖြစ်လည်း နမည်ကြီးတဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

ဂုဏ်ယူပါတယ်နော် .. ကောင်မလေးရေ .. ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေနော်။ 

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။