Running Man အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jeon So Min ဟာဆိုရင် အခုနောက်ပိုင်း နှုတ်ခမ်းနီမလေးတွေကြားမှာ နာမည်ကြီး လူသိများနေတဲ့ ဘောလုံးသမား Jo Gue Sung က သူမနဲ့ တိတ်တိတ်ပုန်းတွဲနေတဲ့သူဆိုတာကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အခုအကြောင်းအရာကို Jeon So Min က နိုဝင်ဘာလ ၄ ရက်နေ့မှာ ‘Running Man’ အဖွဲ့သားတွေနဲ့အတူ ကမ္ဘာ့ဖယားပွဲ အတူကြည့်ရင်း ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

Google
Google
Google

ဘောလုံးပွဲအတူကြည့်နေရင်းနဲ့ ဘောလုံးသမား Cho Kyu-sung ထွက်လာတဲ့အချိန်မှာ Jeon So-min က “ ကျွန်မရဲ့ရည်းစားလေးလေ .. သူနဲ့လျို့ဝှက်တွဲနေကြတာ .. ရင်ထဲအသည်းထဲကနေကို ချစ်နေကြတာ” ဆိုပြီး ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Google
Google
Google

Jeon So-min တစ်ယောက် အရွှမ်းဖောက်ပြီး စနောက်လိုက်တဲ့ စကားလေးက ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့သွားပြီး ပရိသတ်တွေကြားမှာ လူပြောများနေခဲ့ပါတယ်။ တချို့ကလည်း သူပြောတာလည်းမိုက်တာပဲ  .. ကိုယ်ကြိုက်တဲ့ကောင်လေးက ကိုယ့်ရည်းစားပဲဆိုပြီး စနောက်ထားတာတွေလည်း ရှိပါတယ်။

Google
Google

မကြာမီ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း မှာဆိုရင် တောင်ကိုရီးယားအသင်းက ဘရာဇီးအသင်းတို့က ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။