Nine Muses ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Moon Hyun Ah ဟာဆိုရင် သူမရဲ့ ဒုတိယရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီလို့ ဖော်ပြပေးလာခဲ့ပါတယ်။ အခုအကြောင်းအရာကို ဒီဇင်ဘာလ ၄ ရက်နေ့က Moon Hyun Ah က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Moon Hyun Ah က လာမယ့်နှစ်မှာ သူမရဲ့ ပထမသားလေးက အစ်ကိုကြီးတစ်ယောက် ဖြစ်လာတော့မှာ ဖြစ်ကြောင်း ဖေဖော်ဝါရီလမှာ အငယ်လေးကို မွေးတော့မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Google
Google

ထွက်ရှိလာတဲ့ဓာတ်ပုံလေးတွေထဲမှာ Moon Hyun Ah က သူမရဲ့ သားဦးလေးနဲ့အတူ ဗိုက်လုံးလုံးလေးကိုပါ အထင်အရှား ဖော်ပြထားတာဖြစ်ပါတယ်။ Moon Hyun Ah က ဗိုက်ဖုံး  ဂါဝန်အရှည်လေးဝတ်ထားပြီး သားလေးကိုလည်း လက်က ကိုင်ထားပါသေးတယ်။ ချစ်စရာသားအမိလေး နှစ်ယောက်ရဲ့ ပုံရိပ်လေးက ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပြီး ပရိသတ်တွေကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။

Google
Google

Moon Hyun Ah ဟာဆိုရင် ၂၀၁၀ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်မှာ Nine Muses အဖွဲ့ဝင်အဖြစ်‌ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူမထက် ၇ နှစ်ပိုပြီးကြီးတဲ့ စီးပွားရေးသမားနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

၂၀၂၀ ခုနှစ်မှာ သူမရဲ့ ပထမဦးဆုံးသားလေးကို ဖွားမြင်ထားပြီး လက်ရှိမှာ ဒုတိယသားဦးလေးကို ကိုယ်ဝန်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။