တောင်ကိုရီးယား အဆိုတော်သရုပ်ဆောင် Yook Sung Jae ဟာဆိုရင် The Golden Spoon ဇာတ်လမ်းနဲ့ပရိသတ်တွေများစွာရဲ့ ချစ်ခင်အားပေးခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ 

Google

Yook Sung Jae က ချိုမြိန်တဲ့အသံလေးနဲ့ ထူးချွန်ထက်မြတ်တဲ့ပုံစံကြောင့် ပရိသတ်တွေအားလုံးရဲ့ နှလုံးသားကိုဖမ်းစားယူနိုင်တဲ့သူဖြစ်ပါတယ်။ 

Google

Yook Sung Jae ကို ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် လက်ရှိမှာ ၂၇ နှစ်ရှိပြီပဲဖြစ်ပါတယ်။ Yook Sung Jae ရဲ့ အဖေက နာမည်ကြီး အီလက်ထရွန်းနစ် ကုမ္ပဏီရဲ့ စီအီးအိုဖြစ်ပြီး အဖိုးကလည်း တောင်ကိုရီးယားနိုင်ငံမှာKoi ငါးကို ပထမဦးဆုံး တင်သွင်းတဲ့သူဖြစ်ပါတယ်။ Yook Sung Jae  ရဲ့ အဖွားဖြစ်သူကလည်း စတုရန်းမီတာ၄၀,၀၀၀ ကျယ်ဝန်းတဲ့ ဧကတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ Yook Sung Jae   ရဲ့ ဦးလေးဖြစ်သူဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ပရိဘောဂ ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Google

 မျိုးနဲ့ရိုးနဲ့ ချမ်းသာကြွယ်ဝပေမယ့် Yook Sung Jae က မိဘချမ်းသာကြွယ်ဝမှု အရိပ်အောက်မှာ မနေတတ်ဘဲကိုယ့်အားကိုယ်ကိုးရတာကို သဘောကျတဲ့သူဖြစ်ပါတယ်။ 

Google

Yook Sung Jae က အဆိုတော်အဖွဲ့ဝင်အဖြစ်လုပ်ကိုင်နေရုံသာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ကြိုးစားဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။