ရုပ်ရှင်ဇာတ်လမ်းတိုင်းလိုလိုမှာ ဇာတ်ပို့အဖြစ် ပါဝင်လေ့ရှိတဲ့ တောင်ကိုရီးယားသရုပ်ဆောင်ကြီး Yeom Dong Heon ဟာဆိုရင် ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီ ၅၀ မိနစ် မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ပြီလို့ သိရပါတယ်။ မြန်မာစံတော်ချိန်နဲ့ တွက်ကြည့်မယ်ဆိုရင်တော့ သရုပ်ဆောင်ကြီး Yeom Dong Heon က ဒီကနေ့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ Yeom Dong Heon  က ကွယ်လွန်သွားချိန်မှာ အသက် ၅၅ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ 

Google

သရုပ်ဆောင်ကြီး Yeom Dong Heon ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်းကို Star Village Entertainment ကနေပြီး တရားဝင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ 

Google

Yeom Dong Heon ဟာဆိုရင် 1968 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး 1994 ခုနှစ်မှာ ပြဇာတ်ဇာတ်လမ်းတွေမှာပါရင်းပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

Google

Yeom Dong Heon က 'Beethoven Virus', 'The King 2 Hearts', 'Your Neighbor's Wife' နဲ့ အခြားဒရာမာများကဲ့သို့သော ဒရမ်မာများတွင် ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် လူသိများတဲ့သူဖြစ်ပါတယ်။ 

Google

သရုပ်ဆောင်ကြီး Yeom Dong Heon ကမကြာသေးမီကမှ အသည်းရောဂါအတွက် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။