တောင်ကိုရီးယား second-generation အမျိုးသား အိုင်ဒေါ တစ်ယောက်ဖြစ်တဲ့ Jung Heecheol  ဟာဆိုရင်ကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ Jung Heecheol  က ZE:A အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး MEFLEX Entertainment ရဲ့ စီအီးအိုလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

MEFLEX Entertainment ဟာဆိုရင် နာမည်ကြီးတောင်ကိုရီးယား အနုပညာရှင်တွေဖြစ်တဲ့ Jung Kyu Su၊ Bang Eun Jin၊ Seo Jin Won၊ Jo Seok Tae နဲ့  အခြား အနုပညာရှင်တွေကို မွေးထုတ်ပေးထားတဲ့ Entertainment ကုမ္ပဏီကြီး ဖြစ်ပါတယ်။ 

Google 

စီအီးအို တစ်ယောက်အဖြစ်လည်း အိုင်ဒေါတစ်ယောက်ပါဖြစ်တဲ့ Heecheol က အဖွဲ့ဝင် ၉ ယောက်ပါဝင်တဲ့ ZE:A အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်၂၀၁၀ ခုနှစ်မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ 

Google

၂၀၁၉ ခုနှစ်မှာ စစ်မှုထမ်းဆောင်ပြီးတဲ့နောက်မှာ အခုလိုမျိုး နာမည်ကြီးပြီး အောင်မြင်နေတဲ့ ကုမ္ပဏီမှာ စီအီးအိုအဖြစ် စတင်လုပ်ကိုင်တာဖြစ်တယ်လို့သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။