တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် Crash Landing on You ဇာတ်လမ်းတွဲနဲ့ ဂျပန်နိုင်ငံမှာ လူသိများတဲ့ အောင်မြင်မှုကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ မင်းသား Hyun Bin က ဇနီးဖြစ်သူ Son Ye Jin နဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google
Google

လက်ရှိမှာလည်း မင်းသား Hyun Bin က မွန်ဂိုလီးယားမှာ Harbin ဇာတ်လမ်းတွဲ ရိုက်ကူးလျက်ရှိပါတယ်။ Hyun Bin က ဇနီးဖြစ်သူ ကလေး မွေးဖွားနေစဉ်ကာလမှာလည်း Son Ye Jin အနားမှာ အမြဲလိုလို ရှိနေပေးတဲ့သူဖြစ်ပါတယ်။ ဒါ ပေမယ့်လည်း Hyun Bin က လက်ရှိမှာ ဂျပန်အနုပညာလောကရဲ့ blacklist အသွင်းခံထားရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထွက်ရှိလာတဲ့သတင်းတွေအရ Hyun Bin ဘက်က Harbin ဇာတ်လမ်းမှာပါဝင်မယ်လို့အတည်ပြုခဲ့ပြီးနောက်မှာ ဂျပန်အေဂျင်စီတွေဘက်ကနေ စတင်ပြီး အေးစက်စက်ပြုမူလာတယ်လို့ သိရပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ Hyun Bin ရဲ့ ဂျပန်နိုင်ငံမှာ ပရိသတ်တွေ့ဆုံပွဲ ကျင်းပခွင့်အတွက် ပြိုင်ဆိုင်ခဲ့ဖူးတဲ့ ဂျပန်ကုမ္ပဏီတွေဟာ ဆိုရင်အခုအခါမှာ သူတိုရဲ့ စိတ်ပြောင်းသွားကြပြီလို့ သိရပါတယ်။

Google 

Harbin ဇာတ်ကားထဲမှာ Hyun Bin ရဲ့သရုပ်ဆောင်မှုနှင့် ပတ်သက်ပြီး သတင်းများထွက်ပေါ်ပြီးနောက်မှာ ဂျပန်ကုမ္ပဏီများဘက်မှ တုံပြန်မှုတွေ Hyun Bin အပေါ် အားနည်းလာတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီလိုအငြင်းပွားမှုတွေကြောင့် Hyun Bin ရဲ့အေဂျင်စီဖြစ်တဲ့ VAST Entertainment က တော့ လက်ရှိအချိန်မှာ အခြေအနေ အရပ်ရပ်ကိုစောင့်ကြည့်နေကြောင်း အခြေအနေ အရပ်ရပ်အတွက် ဘာမှ ခံစားမှာ မဟုတ်ဘူးဆိုကြောင်း ပြောခဲ့ပါတယ်။

Google


 Hyun Bin လက်ရှိ ရိုက်ကူးနေတဲ့ Harbin ဇာတ်လမ်းတွဲက ကိုရီးယားနိုင်ငံ လွတ်လပ်ရေး ရဖို့အတွက် ဂျပန်ကျူးကျော်သူတွေကို တွန်းလှန်ဖို့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းထဲမှာ Hyun Bin က ကိုရီးယားစစ်တပ်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး Ahn Jung Geun နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ ကြောင့် ဂျပန်တွေအကြောင်း မကောင်းတဲ့ ဇာတ်လမ်းကို လက်ခံရိုက်ကူးတဲ့အတွက် ဂျပန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းထားတယ်လို့ နာမည်ပျက်တွေ ရရှိထားတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။