တောင်ကိုရီးယားမင်းသမီး Kim Yoo Jung ဟာဆိုရင် ချစ်ဖို့ကောင်းပြီး လှပလွန်းတဲ့ အသွင်အပြင်နဲ့ပုံရိပ်လေးကို ပရိသတ်တွေရှေ့ကို ချပြလာခဲ့ပါတယ်။

Google

 ဒီအကြောင်းအရာကို ဒီဇင်ဘာလ ၁ ရက်နေ့ Kim Yoo Jung က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Uploading my November collection today ဆိုတဲ့ စာသားလေးနဲ့တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ Kim Yoo Jung က Disney မင်းသမီးလေးတစ်ပါးလိုမျိုးဖြစ်နေပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းနေပါတယ်။ Kim Yoo Jung က အဆိုပါ ဓာတ်ပုံလေးကို ပြဇာတ်အတွက် ရိုက်ကူးထားတာဖြစ်ပါတယ်။

Google

Kim Yoo Jung ရဲ့ မင်းသမီးလေးတစ်ပါးလိုမျိုးပုံရိပ်လေးက အရမ်းကို ထင်ရှားနေပြီး သူမကို အားလုံးကလည်း ဝိုင်းပြီး အချစ်ပိုနေကြပါတယ်။Kim Yoo Jung ရဲ့ မင်းသမီးလေးတစ်ပါးလိုမျိုး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးကို တွေ့ခဲ့တဲ့ ပရိသတ်တွေက “နတ်သမီးလေးတစ်ပါးလိုပဲနော် ၊ မင်းသမီးလေးတစ်ပါးပဲ ၊ ပြဇာတ်လေးကို သွားကြည့်ချင်လိုက်တာ” ဆိုတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။

Google
Google

Kim Yoo Jung က သူမရဲ့ပွဲဦးထွက်ကို ၂၀၀၃ ခုနှစ်မှာ လုပ်ခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံနဲ့ ပြောင်မြောက်လွန်းလှတဲ့ အရည်အချင်းတွေကြောင်း ချက်ချင်းဆိုသလိုပဲ အောင်မြင်တဲ့သူဖြစ်လာခဲ့ပါတယ်။ Kim Yoo Jung က ကလေးသရုပ်ဆောင်အဖြစ်နဲ့လည်း နာမည်ကြီးသလို လူကြီးသရုပ်ဆောင်အဖြစ်နဲ့လည်း ပရိသတ်တွေအားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။