တောင်ကိုရီးယားမင်းသား Gong Yoo ဟာဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့ပုံစံနဲ့ ချောမောလှပတဲ့ ပုံရိပ်ကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Gong Yoo က အိမ်ထောင်မရှိတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကျလွန်းတဲ့တာကြောင့် ပရိသတ်တွေ များစွာက သဘောကျရတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်ပရိသတ်တွေကြားမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကြောင့် လူပျိုကြီး Gong Yoo ရဲ့ပေပေတေတေနေထိုင်တတ်တဲ့ပုံစံက ပရိသတ်တွေကြားမှာ ပြန့်နှံ့လာပါတယ်။

Google

ဗီဒီယိုထဲမှာ Gong Yoo က တီရှပ်အဖြူလေးဝတ်ထားပြီး အနက်ရောင်ဘောင်းဘီလေးကိုဝတ်ဆင်ထားပါတယ်။ Gong Yoo က အဆိုပါဗီဒီယိုထဲမှာ လူတွေက ကျွန်တော့်ရဲ့ သဘာဝအတိုင်းပုံစံကို မြင်ပြီး လုံးဝ ကွာခြားသွားတာကို ခံစားရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Google
Google
Google
Google
Google

Gong Yoo က ဗီဒီယိုထဲမှာ ရေစိုနေတဲ့လက်နဲ့ဆံပင်ကြီးကို ဖွနေပါတယ်။ ပြီးတော့ သူ့ရဲ့ဆံပင်ကို အစိုဓာတ်ပြန်ထိန်းနေတာလို့ ပြန်ပြီးပြောခဲ့ပါတယ်။ အဲဒီအချက်ကလည်း ပရိသတ်တွေကို များစွာ ရယ်မောသွားစေပါတယ်။ Gong Yoo က ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်တဲ့ ရုပ်က အပြင်က ရုပ်နဲ့ ယှဉ်ရင် လုံးဝကို ကွာခြားနေပြီး ပေါ့ပေါ့တန်တန်နေထိုင်တတ်တာကြောင့် ပရိသတ်တွေက သူ့ရဲ့ ပုံစံကို အံ့ဩနေကြပါတယ်။

Google
Google

လူပျိုကြီး Gong Yoo ရဲ့ အပြင်မှာနေထိုင်တတ်တဲ့  ပေါ့ပေါ့ပါးပါးပုံစံကို ပရိသတ်ကြီးအားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။