ဂျပန်လူမျိုး တောင်ကိုရီးယားမင်းသမီး Erika Karata ဟာဆိုရင် သူမဘဝရဲ့အတိတ်က လုပ်ရပ်အတွက် များစွာစိတ်မကောင်းဖြစ်နေပါတယ်။ Erika Karata က Arthdal Chronicles ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး နာမည်ပျက်တစ်ခုကြောင့် အနုပညာလောကထဲကနေ ပျောက်ကွယ်သွားတဲ့သူဖြစ်ပါတယ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ Erika Karata က No Hou e, Nagareru ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ အတိတ်ဘဝက လုပ်ရပ်တွေအတွက် ယူကြုံးမရ ဖြစ်ခဲ့ပါတယ်။

Google
Google

Erika Karata က အတိတ်က အမှားတွေကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာ မျက်ရည်များနဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ကြိုးစားသွားမှာဖြစ်ကြောင်း ၊ သူမအပေါ်ကောင်းပေးတဲ့သူတိုင်းကို ကောင်းပေးသွားမှာဖြစ်ကြောင်း ၊ အနုပညာအလုပ်တွေရပ်နားထားချိန်မှာ သူမကိုယ်သူမ အများကြီး ပြောင်းလဲခဲ့ကြောင်း အသိပေးခဲ့ပါတယ်။

Google

Erika Karata က ဂျပန်လူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က Arthdal ​​Chronicles ဇာတ်လမ်းမှာ Song Joong Ki နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ပါတယ်။ Erika Karata က ဇနီးသည်ရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ အပြင်မှာ အတူတွဲတွေ့စုံခဲ့ဖူးပြီး အတူတွဲနေတဲ့ ပုံရိပ်တွေလည်း ပြန့်နှံ့ခဲ့ဖူးပါတယ်။

Google

Erika Karata ရဲ့ အေဂျင်စီဘက်ကလည်း စတင်ဖြစ်ကတည်းက ကြိုတင်ပြီး မကာကွယ်မိခဲ့တဲ့အပေါ် မှားယွင်းကြောင်းဝန်ခံထားပါတယ်။ မင်းသမီး Erika Karata က လက်ရှိမှာ အတိတ်က နာမည်ဆိုးကို ဖြေဖျောက်ဖို့ ကြိုးစားနေပြီး Rakuten Fashion Week TOKYO 2022 S/S ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။