တောင်ကိုရီးယားမင်းသမီး Goo Hye Sun ဟာဆိုရင် မကြာသေးမီက သူမဘဝရဲ့ အခြေအနေလေးကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို အသက် ၃၉ နှစ်အရွယ် Goo Hye Sun က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Goo Hye Sun က လက်ရှိမှာ နောက်ဆုံးစာမေးပွဲအတွက် စတင်ပြင်ဆင်နေပြီလို့  သိရပြီး အားလုံးကို အတတ်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Google

ထွက်ရှိလာတဲ့ဓာတ်ပုံထဲမှာ ကျောင်းစာတွေကို ကြိုးစားပန်းစားလုပ်နေတဲ့ မင်းသမီး Goo Hye Sun ကို တွေ့ရပြီး အပြီအပြင် ကြိုးစားနေတာကို ထင်ရှားစွာတွေ့ရပါတယ်။   

Google
Google

တောင်ကိုရီးယားမင်းသမီး Goo Hye Sun က လက်ရှိမှာ Sungkyunkwan တက္ကသိုလ်ရဲ့ Film ဌာနမှာ ပညာဆည်းပူးလျက်ရှိပါတယ်။

Google
Google

အသက် ၃၉ နှစ်အရွယ် အထိ မလျော့သော ဇွဲနဲ့ ဆက်လက်ပြီး ကြိုးစားပညာ ဆည်းပူးလျက်ရှိတဲ့ မင်းသမီး Goo Hye Sun ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။