နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ ထိုင်းမင်းသား Nadech ကတော့ အပြုံးချိုချိုလေးနဲ့ အနေအေးသူလေးမို့ ပရိသတ်တွေက ချစ်ခင်ရတဲ့ သူလေးလည်းဖြစ်ပါတယ်။ မကြာသေးမီရက်ပိုင်းက Nadech က သူ့ရဲ့ ဆိုရှယ်မီဒီယာ ကနေတစ်ဆင့် live လွှင့်ပြီး ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေပြောခဲ့ပါတယ်။


Nadech က " Hello Myanmar Fans မင်္ဂလာပါ။ ကျွန်တော် ချောတယ်ဆိုတာကို မြန်မာလိုပြောပြတတ်နေပြီ။ ဒီလိုစကားလုံးက သူတို့နိုင်ငံမှာ ရုပ်လှတဲ့သူတွေကို ပြောတာ။ "ချော်လဲ.. ချော်လဲ.." ဆိုပြီး ပြောကြတာ။ ကျွန်တော့်လို ရုပ်ရည်နဲ့လူကိုတွေ့တယ်ဆိုရင် "ချော်လဲ" ဆိုပြီး ပြောနော်" ဆိုပြီး Live မှာ ပြောသွားပါတယ်။


မြန်မာပရိသတ်တွေကလည်း သူရဲ့ အပြောလေးတွေကို သဘောကျနေကြပြီး မပီကလာ ပီကလာအသံလေးကို ချစ်နေကြတာပါ။ ချစ်ဖို့ကောင်းတဲ့ Nadech ရဲ့ Video ဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော် ..
သတင်းအရင်းမြစ်: Nadech Kugimiya Myanmar Fan
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။