တောင်ကိုရီးယားမင်းသား Song Il-kook ဟာဆိုရင် မကြာသေးမီက အင်တာဗျူးတစ်ခုမှာ သားဖြစ်သူ ဒယ်ဟန်မှာ ရည်းစားရှိနေကြောင်း ထုတ်ပြောမိခဲ့လို့ အဆူခံခံခဲ့ရတယ်လို့ သိရပါတယ်။ အခုအကြောင်းအရာကို 'Broadway 42nd Street' ရဲ့ အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

Google

Song Il-kook ကို ဒယ်ဟန် ၊ မင်ကွတ် ၊ မန်ဆယ် တို့ရဲ့အဖေအဖြစ် ပရိသတ်တွေသိတဲ့ ခံစားချက်ကအရမ်းပြင်းထန်တာကြောင့် မင်းသားတစ်ယောက်အဖြစ် မြင်ချင်တဲ့သူလည်း မရှိဘူးလို့ ဆိုပါတယ်။  

Google
Google

သားဖြစ်သူနဲ့ ပတ်သက်ပြီးတော့လည်း Song Il-kook က 'Radio Star' အစီအစဉ်မှာ ဒယ်ဟန်မှာ ရည်းစားရှိနေပြီလို့ ပြောခဲ့ကြောင်း ၊ ဒယ်ဟန်ရဲ့ရည်းစားက ဒယ်ဟန်နဲ့ကျောင်းအတူတူပဲလို့ ဆိုကြောင်း ပြောခဲ့ပါတယ်။ Song Il-kook က ဒယ်ဟန်ရဲ့ ရည်းစားကို တစ်ကျောင်းလုံး သိနေကြပြီလို့ ထင်တာကြောင့် သိပြီးသားဖြစ်မယ်လို့ ထင်ခဲ့တာကြောင့ အခုလိုမျိုး ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Google
Google

ဒယ်ဟန်က အဆိုပါသတင်းကို သူငယ်ချင်းတွေ ကျောင်းလှေကားမှာ ပြောနေကြတာကို နားစွန်နားဖျား ကြားခဲ့တာကြောင့် ဖခင်ဖြစ်သူ Song Il-kook ကို အိမ်ပြန်ရောက်တာနဲ့ ဆူခဲ့တယ်လို့ ဆိုပါတယ်။ Song Il-kook ရဲ့ အဆိုအရ အမွှာလေး ၃ ယောက်က လက်ရှိမှာ မူလတန်း ၄ တန်းအရွယ် ရောက်ရှိနေပြီဖြစ်ပြီး ဒယ်ဟန်မှာ ရည်းစားရှိနေပြီလို့ သိရပါတယ်။ ရည်းစားရှိနေပြီဖြစ်ကြောင်းကို လူသိရှင်ကြားထုတ်ပြန်လိုက်လို့ ဖခင်ကို စိတ်ဆိုးသွားတဲ့ ဒယ်ဟန်လေးရဲ့ ချစ်စရာအကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။