အဆိုတော် Baek Ji Young ဟာဆိုရင် သူမရဲ့ခင်ပွန်းဖြစ်သူအကြောင်းနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Baek Ji Young က သူမရဲ့ ခင်ပွန်းဖြစ်သူကို stylist က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး စတွေ့ကတည်းက လူကောင်းတစ်ယောက်အဖြစ် ထင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Baek Ji Young က သူမနဲ့ ခင်ပွန်းဖြစ်သူက အသက် ၉ နှစ်အထိ ကွာကြတာဖြစ်တာကြောင့် ငယ်ရွယ်တဲ့သူကို လက်ထပ်ဖို့ ရွေးချယ်ခဲ့ရတဲ့အပေါ် စိတ်မကောင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Google
Google

သူတို့နှစ်ဦးက ၂၀၁၁ ခုနှစ်မှာ စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဦးသားက အသက် ၉ နှစ်တိတိ ကွာခြားတာဖြစ်လို့ လက်ထပ်ခဲ့ချိန်မှာ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Google
Google
Google

အဆိုတော် Baek Ji Young နဲ့ မင်းသား Jeong Suk Won တို့က ၂၀၁၇ ခုနှစ်၊ မေလ မှာ ပထမဦးဆုံး သားဦးလေးကို မွေးဖွားခဲ့ပြီး သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ခဲ့ပါတယ်။

Google

သူတို့နှစ်ဦးက လက်ရှိအချိန်အထိ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှု အပြည့်နဲ့ ချစ်ဖို့ကောင်းလွန်းနေပြီး လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေးအဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။