တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦး သားသားလေးကို ချစ်မဝဖြစ်နေတဲ့ ဓာတ်ပုံလေးတွေက ပရိသတ်တွေကြားမှာ လူပြောများနေခဲ့ပါတယ်။

Google

Son Ye Jin က သူမရဲ့ သားဦးလေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အောင်မြင်စွာမွေးဖွားခဲ့ပြီး ပရိသတ်တွေ အားလုံးရဲ့ အားပေးခြင်းကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဂုဏ်ပြုစကားတွေများစွာ ရရှိခဲ့တာနဲ့ တစ်ပြိုင်နက် Son Ye Jin ရဲ့ သားဦးလေး ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

Google

နိုဝင်ဘာလ ၃၀ ရက်နေ့မှာ Son Ye Jin နဲ့ Hyun Bin တို့ နှစ်ဦးက သူတို့သားလေးကို ငေးမောစောင့်ကြည့်နေတဲ့ ပုံလေးတွေ ပြန့်နှံ့လာပါတယ်။ အဆိုပါ နွေးထွေးတဲ့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေက ချက်ချင်းဆိုသလို ပရိသတ်တွေဆီကနေ အာရုံစိုက်မှု ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google
Google
Google

ဒါ ပေမယ့်လည်း တချို့ပရိသတ်တွေ က အဆိုပါဓာတ်ပုံလေးတွေက Hyun Bin နဲ့ Son Ye Jin ဟုတ်မှ ဟုတ်ပါ့မလားလို့ ခန့်မှန်းထားတာတွေလည်း ရှိပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့က အရမ်းကို သီးသန့်ဆန်ကြတဲ့သူတွေဖြစ်တာကြောင့် အခုပုံလေးတွေသာ အမှန်ဆိုရင် သိပ်ပြီး ချစ်ဖို့ကောင်းတဲ့ မိသားစုလေးဖြစ်မှာပဲလို့ ခန့်မှန်းထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။