တောင်ကိုရီးယားသရုပ်ဆောင်တွေဟာဆိုရင် တောင်ကိုရီးယားနိုင်ငံသားအစစ်တွေ ရှိသလို နိုင်ငံသားအစစ်မဟုတ်တဲ့သူတွေလည်း ရှိကြပါတယ်။ သူတို့တွေထဲမှာ အမေရိကန်နိုင်ငံသားတွေရှိသလို ၊ ကနေဒါနိုင်ငံသားတွေလည်းရှိပါတယ်။ အဲဒီထဲကမှ နာမည်ကြီးတဲ့ ထိပ်တန်းနာမည်ကြီးတွေအကြောင်းကို ဖော်ပြပေးသွားပါမယ်။

Choi Woo Shik: ကနေဒါ

Google

တောင်ကိုရီးယားသရုပ်ဆောင် Choi Woo Shik ဟာဆိုရင် ငယ်ငယ်လေးကတည်းက တောင်ကိုရီးယားကနေ ကနေဒါနိုင်ငံကို မိသားစုလိုက်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ Choi Woo Shik က ကောလိပ်တတ်နေစဉ်ကာလမှာ အနုပညာအလုပ်တွေ လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက ပရိသတ်တွေရဲ့အားပေးခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Choi Woo Shik က နာမည်ကြီးပြီးအောင်မြင်တဲ့ “The Policeman’s Lineage” ၊ “Wonderland” နဲ့ “Our Beloved Summer” တို့လိုမျိုး ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး ပရိသတ်တွေများစွာ အခိုင်အမာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Choi Woo Shik က လက်ရှိမှာ ကနေဒါ နိုင်ငံသားအဖြစ် ခံယူထားတဲ့သူဖြစ်ပါတယ်။

Ahn Hyo Seop: ကနေဒါ

Google

တောင်ကိုရီးယားမင်းသား Ahn Hyo Seop ဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ Ahn Hyo Seop က မူလတန်းကျောင်းကတည်းက ကနေဒါနိုင်ငံကို ရောက်ရှိခဲ့တဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ရောက်မှ တောင်ကိုရီးယားကို ပြန်လာခဲ့တဲ့သူဖြစ်ပါတယ်။ Ahn Hyo Seop က ကနေဒါလူမျိုးအဖြစ် ခံယူထားတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သူဖြစ်ပါတယ်။

Ma Dong Seok: အမေရိကား

Google

တောင်ကိုရီးယားမင်းသားကြီး Ma Dong Seok ဟာဆိုရင်လည်း တောင်ကိုရီးယားမှာ မွေးဖွားခဲ့တဲ့သူဖြစ်ပေမယ့် အမေရိကားမှားနေထိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Ma Dong Seok က Marvel စီးရီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပြီး လူသိများတဲ့ ဇာတ်ကားများစွာမှာ ပါဝင်ထားတဲ့သူဖြစ်ပါတယ်။

Go Sung Hee: အမေရိကန်-ကိုရီးယား

Google

တောင်ကိုရီးယားမင်းသမီး Go Sung Hee ဟာဆိုင်လည်း အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ နိုင်ငံသား ခံယူထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့ဖခင်ကြီးက တောင်ကိုရီးယားသံအမတ်အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်လို့ Go Sung Hee က အမေရိကားမှာပါ နေထိုင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Go Sung Hee က နိုဝင်ဘာလမှာ အနုပညာလောကထဲက မဟုတ်တဲ့ သူနဲ့ လက်ထပ်ခဲ့ပြီး လက်ရှိမှာ သာယာလှပတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်။

Han Chae Young: အမေရိကား

Google

တောင်ကိုရီးယားမင်းသမီး Han Chae Young ဟာဆိုရင်လည်း တောင်ကိုရီးယားမှာ မွေးဖွားခဲ့တဲ့ သူဖြစ်ပြီး အမေရိကားကို ပြောင်းရွှေ့လာခဲ့တဲ့သူဖြစ်ပါတယ်။ Han Chae Young က သူမရဲ့ကလေးဘဝကို Chicago မှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ Han Chae Young က ကိုရီးယား-အမေရိကန်နိုင်ငံသားခံယူထားတဲ့သူဖြစ်ပြီး မကြာသေးမီကလည်း Sponsor ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Jung Ryeo Won: ဩစတေးလျ

Google

တောင်ကိုရီးယားမင်းသမီး Jung Ryeo Won ဟာဆိုရင် မွေးဖွားကာခါ အရွယ်ကတည်းက ဩစတေးလျနိုင်ငံမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ Jung Ryeo Won က ဩစတေးလျလူမျိုးတွေရဲ့ လူနေမှု ဘဝ ပုံစံအတိုင်းနေထိုင်ခဲ့တဲ့သူဖြစ်ပြီး တောင်ကိုရီးယားမှာ အနုပညာအလုပ်တွေ လာရောက် လုပ်ကိုင်တဲ့သူဖြစ်ပါတယ်။ Jung Ryeo Won က အခုနှစ်မှာလည်း Woman in a White Car ဇာတ်လမ်းမှာ Do Kyung အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Lee Da Hae: ဩစတေးလျ

Google

တောင်ကိုရီးယားမင်းသမီး Lee Da Hae ဟာဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပေမယ့် ဩစတေးလျနိုင်ငံကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ် ။ Lee Da Hae က အထက်တန်းကျောင်းအရွယ်မှာကတည်းက အနုပညာအလုပ်တွေ တောက်လျှောက်လုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းတွေကိုလည်း တခဲနက် ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။