တောင်ကိုရီးယားနာမည်ကျော်စုံတွဲလေးဖြစ်တဲ့ HyunA နဲ့ Dawn တို့ဟာဆိုရင် မကြာခင်တုန်းက လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးက လူတိုင်းအားကျးတဲ့စုံတွဲလေးဖြစ်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ထားတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်ပါတယ်။ 

Google
Google

HyunA က သူမနဲ့ Dawn တို့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့်တရားဝင်ကြေညာပေးခဲ့တာဖြစ်ပါတယ်။  လမ်းခွဲလိုက်ပြီဖြစ်ပေမယ့်လည်း သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်လိုမျိုးကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်သွားမှာဖြစ်တယ်လို့ HyunA က ထပ်ဆောင်းပြောထားပါတယ်။  

Google
Google 
Google

HyunA နဲ့ Dawn  တို့က ၂၀၁၆ ခုနှစ်မှာ စတင် တွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ တွဲနေပြီဖြစ်ကြောင်းလူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ချစ်သူသက်တမ်း ၆ နှစ်အကြာမှာ အခုလိုမျိုး လမ်းခွဲလိုက်တဲ့အတွက် ပရိသတ်တွေက များစွာစိတ်မကောင်းဖြစ်နေကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။