တောင်ကိုရီးယားမင်းသား နာမည်ကြီးအနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ ဟာဆိုရင် ပထမဦးဆုံး သားလေးကို အောင်မြင်စွာနဲ့မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ပထမဦးဆုံးသားလေးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားလေးက ကျန်းမာသန်စွမ်းလွန်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် ၃.၅ kg အထိ ရှိတယ်လို့ သိရပါတယ်။ ဒါ ကြောင့် မေမေ Son Ye Jin အနေနဲ့ သားလေးကို မွေးဖွားဖို့အတွက် ဗိုက်ခွဲမွေးတဲ့နည်းလမ်းကို အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

Google
Google
Google

ရင်သွေးလေးကို မွေးဖွားစဉ်ကာလမှာလည်း Hyun Bin က မွန်ဂိုလီးယားမှာ ရိုက်ကူးရေးလုပ်နေတာကြောင့် Son Ye Jin ရဲ့ အနားမှာ မရှိနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Hyun Bin က ချက်ချင်းဆိုသလိုပဲ မိန်းမနဲ့သားဖြစ်သူကို စောင့်ရှောက်ပေးဖို့ ချက်ချင်း ပြန်လာတယ်လို့ သိရပါတယ်။

Google

တောင်ကိုရီးယားသရုပ်ဆောင် Hyun Bin နဲ့ Son Ye Jin တို့က ၁ နှစ်နဲ့ ၂ လ အကြာမှာ လူသိရှင်ကြား တွဲခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ထပ်ပြီးတဲ့နောက်မှာလည်း ပြည်သူ့အချစ်တော် နာမည်ကြီး စုံတွဲတွေ အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက Crash landing on you ဇာတ်လမ်းရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ သားသားလေးတစ်ယောက်ကိုတောင် ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။