တောင်ကိုရီးယားမင်းသား Hyun Bin ရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေဟာဆိုရင် ပရိသတ်တွေကြားမှာ ထပ်မံပြီး နာမည်ကြီးလာခဲ့ပါတယ်။ Hyun Bin နဲ့ Son Ye Jin တို့က သူတို့ရဲ့ ပထမဦးဆုံးသားလေးကို နိုဝင်ဘာလ ၂၇ ရက်နေ့တုန်းက မွေးဖွားခဲ့တာဖြစ်ပြီး တရားဝင် မိဘတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Hyun Bin က နိုင်ငံရပ်ခြား အချိန်စာရင်းတွေ အပြီးမှာ ဇနီးနဲ့သားလေးကို အမြန်ဆုံးပြန်လာတွေ့ဖို့အတွက် မွန်ဂိုလီးယားကနေ ပြန်လာတာဖြစ်ပါတယ်။

Google

မကြာသေးမီက SNS စာမျက်နှာပေါ်မှာ Hyun Bin ရဲ့ ကလေးဘဝတုန်းက ဓာတ်ပုံလေးတွေ ပြန့်နှံ့လာပါတယ်။ ဓာတ်ပုံလေးထဲမှာ Hyun Bin က ချစ်စရာ ဝတ်စုံလေးကို ဝတ်ထားပြီး တောက်ပစွာနဲ့ပြုံးနေတာဖြစ်ပါတယ်။ ပန်းကန်လုံးပုံစံမျိုး ဆံပင်လေးက Hyun Bin ကို ပိုပြီး ချစ်ဖို့ကောင်းသွားစေခဲ့ပါတယ်။ Hyun Bin ရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေ ပြန့်နှံ့လာတာနဲ့အမျှ ပရိသတ်တွေက မကြာသေးမီက ပူပူနွေးနွေးမွေးဖွားခဲ့တဲ့ သားဦးလေးက Hyun Bin ငယ်ဘဝတုန်းကနဲ့ သေချာပေါက် ချွတ်ဆွတ်တူမှာပဲ လို့ ခန့်မှန်းထားကြပါတယ်။

Google
Google
Google

တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye Jin တို့က အခု၂၀၂၂ ခုနှစ် ၊ မတ်လမှာ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သားဉီးလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။