တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် Kim Hyun Joong ဟာဆိုရင် သူ့ရဲ့အတိတ်သာ ၈ နှစ်သာကာလလုံးမှာ ရည်းစားဟောင်းဖြစ်သူနဲ့ရထားတဲ့ သားလေးကို ထောက်ပံ့မှု လုံးဝ မပေးဘူးလို့ သိရပါတယ်။ အခုအကြောင်းအရာကို Youtuber Lee Jin Ho က သူ့ရဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Kim Hyun-joong က ၂၀၁၅ ခုနှစ်တုန်းက ရည်းစားဟောင်းဖြစ်သူနဲ့သားလေး တစ်ယောက်ရှိထားတယ်လို့ သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ Kim Hyun-joong က ၈ နှစ်တာကာလအတွင်းမှာ သားဖြစ်သူဆီကို တစ်ခါမှ မသွားခဲ့ဘူးသလို သားဖြစ်သူကိုလည်း ထောက်ပံ့ကြေးလုံးဝ မပေးခဲ့ဘူးလို့ သိရပါတယ်။ Kim Hyun-joong ရဲ့ သားဖြစ်သူက လက်ရှိအချိန်မှာ အသက် ၇ နှစ်အရွယ်တောင်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ Kim Hyun-joong အနေနဲ့ သားဖြစ်သူကို ဖအေတစ်ယောက်အနေနဲ့ သွားတော့ တွေ့သင့်တယ်လို့ ပရိတ်သတ်တွေက ဆိုကြပါတယ်။

Google

Kim Hyun-joong က ကလေးထောက်ပံကြေးအတွက် တစ်လ ၂ သန်း ပေးဆောင်ဖို့ သတ်မှတ်ခြင်းခံခဲ့ရပေမယ့် သူတကယ်ရရှိတဲ့ နှစ်စဉ်ဝင်ငွေက သန်း ၇၀ သာဖြစ်လို့ မထောက်ပံနိုင်ကြောင်းကိုလည်း တောင်းဆိုထားခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ကလေးထောက်ပံ့စားရိတ်တွက်ချက်မှုတွေအရ Kim Hyun-joong ရဲ့ ဝင်ငွေက တစ်နှစ်ကို သန်း၇၀ ဆိုရင် ကလေးထောက်ပံ့ကြေးက ၁.၆ သန်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရ Kim Hyun-joong က ကလေးထောက်ပံ့ကြေးကို ၈ နှစ်သာကာလပတ်လုံး တစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် အရွယ်ရောက်နေတဲ့ သားဖြစ်သူကိုလည်း မတွေ့ခဲ့ဘူးလို့ ထွက်ရှိလာတဲ့ သတင်းတွေအရ သိရပါတယ်။

Google
Google

Kim Hyun-joong က လက်ရှိမှာ လက်ထပ်ထားတဲ့သူရှိနေပြီ ဇနီးသည်နဲ့လည်း သားလေးတစ်ယောက်ရရှိထားတဲ့သူဖြစ်ပါတယ်။ ဒါ ပေမယ့် Kim Hyun-joong က ဒုတိယကလေးအကြောင်းကလွဲရင် ပထမကလေးအကြောင်းကို အင်တာဗျူးတွေမှာ တစ်ခါမှ ထုတ်ပြောလေ့မရှိဘူးပါဘူး။ ဒါက Kim Hyun-joong ရဲ့ ပထမသားလေးကို နှစ်ခါပြန်ပြီး သတ်လိုက်သလိုမျိုးပဲ ဖြစ်ပါတယ်။

Google
Google

တရားဝင်ဇနီးနဲ့ရတဲ့သားငယ်လေးကိုသာ ဂရုစိုက်မှု အပြည့်ပေးနေပြီး မရားမဝင်ဇနီးနဲ့ ရရှိထားတဲ့ သားလေးကို ပြစ်ပယ်ထားသလို ဖြစ်တဲ့အပေါ် ပရိသတ်တွေက Kim Hyun-joong ကို ဝေဖန်မှုများ များစွာရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။