တောင်ကိုရီးယားသရုပ်ဆောင် Lee Kwang Soo ဟာဆိုရင် သူ့ရဲ့ချစ်ရသူလေးဖြစ်တဲ့ မင်းသမီး Lee Sun Bin ကို ပရိသတ်တွေရှေ့မှာ Surprise တိုက်ခဲ့ပါတယ်။ မင်းသမီး Lee Sun Bin က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ Kim Shin Young’s Noon Song of Hope လို့ခေါ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Google
Google
Google

Lee Sun Bin တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နေစဉ်မှာ သူမရဲ့ချစ်သူ Lee Kwang Soo ရဲ့ အသံက ရုတ်တရက်ဝင်လာတာကြောင့် မင်းသမီး Lee Sun Bin တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရပါတယ်။

Google

Lee Sun Bin ရဲ့ မရပ်တန့်နိုင်တဲ့ ရယ်မောမှုကြောင့် ပရိသတ်တွေက ဘာလို့ အဲဒီလောက် ရယ်နေတာလဲဆိုပြီးတောင် မေးခဲ့တာတွေ ရှိပါတယ်။ Lee Sun Bin က သူမ အနေနဲ့ ချစ်သူ Lee Kwang Soo ရဲ့ အသံကို ရုတ်တရက်ကြားလိုက်တာကြောင့် အရမ်းကို အံ့အားသင့်ပြီး အခုလိုမျိုး ရယ်မိသွားတာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းပေးထားပါတယ်။

Google

ချစ်သူလေးကို ပကာသန မပါဘဲ သဘာဝနည်းလမ်းလေးနဲ့ ပျော်ရွှင်အောင် Surprise တိုက်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Lee Kwang Soo ရဲ့ ကြည်နူးစရာ အဖြစ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။