တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် သူမရဲ့တစ်နေ့တာလှုပ်ရှားမှုုအကြောင်းကို ပရိတ်သတ်တွေ ကို အသိပေးဝေမျှပေးလာခဲ့ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ ၂၈ ရက်နေ့က Song Hye Kyo က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google
Google
Google

ဓာတ်ပုံလေးထဲမှာ Song Hye Kyo က သူမရဲ့ခွေးကလေး Ruby နဲ့အတူ ပင်လယ်ပြင်အလှကို ခံစားနေတာဖြစ်ပါတယ်။ Song Hye Kyo က mask မတပ်ထားတာကြောင့် သူမရဲ့ ရိုးရှင်းလှပတဲ့ မျက်နှာလေးကို အထင်အရှားပိုပြီးတွေ့ခဲ့ရပါတယ်။

Google

Song Hye Kyo က အေးမြတဲ့ဆောင်းတွင်းကာလကို သူမရဲ့ ချစ်လှစွာသောခွေးကလေး နဲ့အတူ ဖြတ်သန်းနေတာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးက ချက်ချင်းဆိုသလို လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

Instagram

Song Hye Kyo က မကြာသေးမီက The Glory ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးထားတာဖြစ်တာကြောင့် သူမရဲ့ ဘဝကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။