တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ Son Ye Jin တို့ဟာဆိုရင် လူတိုင်းအားကျရတဲ့စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေ များစွာ အားပေးနှစ်သတ်ကြရတဲ့ အနုပညာမောင်နှံဖြစ်ပါတယ်။ သူတို့နှစ်ဦးက မကြာသေးမီက ရင်သွေးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ပိုပြီး နာမည်ကြီး ရေပန်းစားနေခဲ့ပါတယ်။

Google
Google
Google

Son Ye Jin က သတ်မှတ်ထားတဲ့မွေးရက်ထက်စောပြီး သားဦးလေးကို မွေးခဲ့တာဖြစ်လို့ သားလေး မွေးချိန်မှာ ဖေဖေ Hyun Bin က မွန်ဂိုလီးယားကိုရောက်နေတာဖြစ်ပါတယ်။ သားလေးမွေးဖွားပြီးပြီးချင်း သတင်းထွက်လာပြီးနောက်မှာ Hyun Bin က သူရဲ့သားလေးကို တွေ့ဖို့အတွက် မွန်ဂိုလီးယားကနေ ကိုရီးယားကို အမြန်ဆုံး ပြန်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖေဖေ Hyun Bin တစ်ယောက် မေမေ Son Ye Jin နဲ့ သားသားလေးအနားကို ရောက်နေပြီလို့ သိရပါတယ်။ Hyun Bin က Harbin ရိုက်ကူးရေးကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး လက်ရှိအချိန်မှာ ဇနီးသည် ဖြစ်သူကို အပြည့်အဝ စောင့်ရှောက်ပေးလျက်ရှိပါတယ်။

Google
Google

တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့က တစ်နှစ်နဲ့နှစ်လကြာ လူသိရှင်ကြား တရားဝင်တွဲပြီးနောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက Crash landing on you ဇာတ်လမ်းရိုက်ကူးရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ သားသားလေးတစ်ယောက်ကိုတောင် ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။