နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထွက်လာတဲ့ သတင်းတွေအရ တောင်ကိုရီးယားမင်းသား Hyun Bin ဟာဆိုရင် မွန်ဂိုလီးယားမှာ ပြုလုပ်ရမယ့် ရိုက်ကူးရေးအချိန်စာရင်းတွေကြောင့် သားဖြစ်သူမွေးဖွားချိန်မှာ အနားမှာ မရှိခဲ့ဘူးလို့ သိရပါတယ်။

Google
Google

Hyun Bin က လက်ရှိမှာ 'Harbin' ဇာတ်လမ်းရိုက်ကူးရေးအတွက် မွန်ဂိုလီးယားကိုရောက်ရှိနေပြီး မီးဖွားပြီးကာစ အမျိုးသမီးအနားမှာ ရှိမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ Hyun Bin က  မွန်ဂိုလီးယားမှာ ရှိနေတာကြောင့် မိန်းမဖြစ်သူ မီးဖွားချိန်မှာ ရင်သွေးလေးကို  မျက်နှာလေးတောင် မတွေ့နိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Google
Google

လက်ရှိရိုက်ကူးနေတဲ့ Harbin ဇာတ်လမ်းမှာပါဝင်တဲ့ ဝန်ထမ်းတစ်ယောက်အဆိုအရ Hyun Bin က ဇာတ်လမ်း ဇာတ်ကောင် ဖိအားအတွက် တက်နိုင်သမျှ ကြိုးစားပမ်းစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Google

နိုဝင်ဘာလ ၂၇ ရက်နေ့အစောပိုင်းတုန်းက Son Ye Jin ရဲ့ အေဂျင်စီဘက်ကနေ မင်းသမီး Son Ye Jin မှ ကျန်းမာသန်စွမ်းတဲ့ သားဦးလေးကို မွေးဖွားခဲ့တယ်လို့ အတည် ပြုပေးခဲ့ပါတယ်။

Google

Son Ye Jin က ရင်သွေးလေးကို ဒီဇင်ဘာလမှ မွေးဖွားမယ်လို့ ခန့်မှန်းထားတာကြောင့် ဖေဖေ Hyun Bin ကလည်း ဒီဇင်ဘာလအမီ ရိုက်ကူးရေးကို အရှိန်မြှင့်နေတာဖြစ်တယ်လို့ သိရပါတယ်။  အခု သားဦးလေး မွေးဖွားကာစမှာ ဖေဖေ Hyun Bin က နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို ရောက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း များစွာ စိတ်မကောင်း ဖြစ်နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။