တောင်ကိုရီးယားမင်းသမီး Son Ye Jin နဲ့ ခင်ပွန်းဖြစ်သူ နာမည်ကြီးမင်းသား Hyun Bin တို့ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက လက်ထပ်ပြီးတဲ့နောက်မှာလည်း အရမ်းကို ချစ်ကြတဲ့စုံတွဲလေးဖြစ်ပြီး လူတိုင်း အားကျရတဲ့ စုံတွဲလေးဖြစ်ခဲ့ပါတယ်။ Son Ye Jin နဲ့ Hyun Bin တို့က ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်းကို ဇွန်လ ၂၇ ရက်နေ့က တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားရဲ့ချစ်စရာစုံတွဲလေး ဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့က ယမန်နေ့ တနင်္ဂနွေနေ့ ၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မှာ ချစ်စရာကောင်းတဲ့ သားဦးလေးကို အောင်မြင်စွာနဲ့မွေးဖွားနိုင်ခဲ့ပါတယ်။ သားလေးကို မွေးပြီးပြီးချင်းမှာ ပရိသတ်တွေအားလုံးက ဝမ်းသာပျော်ရွှင်ခဲ့ပြီး ကလေးလေးရဲ့မျက်နှာကိုလည်း အရမ်းတွေ့ချင်နေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း Hyun Bin နဲ့ Son Ye Jin ကလေးလေးလို့ ယူဆရတဲ့ ဓာတ်ပုံလေးတွေ အမြောက်အမြား ပြန့်နှံ့ခဲ့ပါတယ်။

Google
Google
Google

ထွက်ရှိလာတဲ့ ဓာတ်ပုံလေးတွေအတိုင်းသာဆိုရင် Binjin စုံတွဲလေးရဲ့ သားဦးလေးက ဖအေတူ မအေတူ အချောအလှလေးဖြစ်ပြီး မျက်နှာလေးကလည်း တော်တော် ချိုလွန်းပါတယ်။

Google
Google

ကမ္ဘာနဲ့ချီပြီးအားပေးချစ်ခင်ကြတဲ့ တောင်ကိုရီးယားနာမည်ကျော်စုံတွဲလေးရဲ့ တနင်္ဂနွေ သားဦးလေးပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။