တောင်ကိုရီးယားမင်းသမီး Han Ga In ဟာဆိုရင် သူမရဲ့ သားသမီးလေးတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့လာခဲ့တဲ့ အခက်အခဲတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Han Ga In က အခုအကြောင်းအရာကို နိုဝင်ဘာလ ၂၇ ရက်နေ့တုန်းက My Little Old Boy အစီအစဉ်မှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။

Google

Han Ga In က သားသမီးတွေကိုမွေးဖွားပြီးတဲ့နောက်မှာ အနုပညာလောကထဲကနေ ပျောက်ကွယ်သွားပြီး ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရင်းနဲ့သာ အချိန်ပေးဖြစ်နေတာဖြစ်ပါတယ်။ Han Ga In က သူမရဲ့သားနဲ့သမီးလေးမှာ သားလေးက သူမအပေါ် သိပ်ပြီး နားလည်မပေးဘူးလို့ဆိုပါတယ်။ Han Ga In က သူမရဲ့သမီးလေးနဲ့သားလေးဖြစ်သူတို့ နှစ်ယောက်ကြားက ကွာခြားချက်ကို သေချာဖော်ပြခဲ့ပြီး သမီးဦးလေးမွေးတုန်းက ခက်ခဲမယ်လို့ ထင်ခဲ့တဲ့ အတွေ့အကြုံတွေက သားလေးကို မွေးပြီးနောက်မှာ လုံးဝ မရှိတော့သလို ဖြစ်သွားတဲ့အကြောင်း ထပ်မံပြောထားပါတယ်။

Google
Google

Han Ga In အနေနဲ့ အတွေ့အကြုံမရှိတဲ့သူဖြစ်တာကြောင့် အသက် သိပ်မကွာတဲ့ သားနဲ့သမီး နှစ်ယောက်လို တစ်ပြိုင်နက်တည်း ထိန်းသိမ်းရှောက်ခဲ့ရတာက သူမအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်တာကြောင့် အပြင်အလုပ်တွေ ဘာမှကို မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီး Han Ga In  က မင်းသား Yeon Jung-hoon နဲ့ ၂၀၀၅ ခုနှစ်တုန်းက လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အလှနတ်ဘုရားမလို့ တင်စားခေါ်ဝေါ်ရလောက်အောင် ချောလွန်းလှတဲ့ မင်းသမီး Han Ga In က ကလေး ၂ ယောက် မိခင်ဖြစ်သွားပြီးနောက်မှာလည်း လှပနေဆဲ ချောမောနေဆဲအဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။