တောင်ကိုရီးယားမင်းသား Kim Hyun Joong ဟာဆိုရင် သူ့ရဲ့အမျိုးသမီးဖြစ်သူက သူ့ရဲ့ရည်းစားဟောင်းပဲ ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။  ဒီအကြောင်းအရာကို Kim Hyun Joong က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ MBN ရဲ့ ‘Hot Goodbye’ အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Kim Hyun Joong က သူ့အနေနဲ့ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ၊ သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးက အထက်တန်းကျောင်းတုန်းက ချစ်ကြိုက်ခဲ့တဲ့ ရည်းစားဟောင်းလေးပဲ ဖြစ်ကြောင်း ၊ အသက် ၁၄ နှစ်အရွယ်မှာ ချစ်ကြိုက်ခဲ့ဖူးတဲ့ ရည်းစားဟောင်းလေးနဲ့သာ လက်ထပ်ခဲ့တာဖြစ်ကြောင်း ၊ အချစ်ဦးလေးက သူနဲ့ မွေးနေ့မွေးရက်ပါတူညီကြောင်း ၊ ကောင်းမွန်တဲ့မိသားစုကို ထိန်းသိမ်းလိုတာကြောင့် အခုလိုမျိုး ရည်းစားဟောင်းလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ကြောင့် ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Google

Kim Hyun Joong ရဲ့ သားလေးကို ပြီးခဲ့တဲ့ ၂ လတုန်းက အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးကာစတုန်းက ကြောက်မိခဲ့ပေမယ့် အခုတော့ ကလေး အနှီးတွေ ဒိုင်ဘာတွေကအစ သေချာ လဲပေးတတ်နေပြီလို့ ဆိုပါတယ်။ မင်းသား Kim Hyun Joong က အချစ်ဦးကောင်မလေးနဲ့ အသက် ၁၄  နစ်မှာ ပထမဦးဆုံးတွေ့ခဲ့ပြီး အသက် ၃၇ နှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Kim Hyun Joong က ၂၀၀၆ ခုနှစ်မှာ SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး အဆိုတော်တစ်ယောက် မဖြစ်ခင်ကတည်းက ချစ်သူရည်းစားရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Google
Google

Kim Hyun Joong က ၂၀၁၅ ခုနှစ်မှာ ရည်းစားဟောင်းဖြစ်သူကို ကိုယ်ဝန်ဖျက်ချစေခဲ့တဲ့အမှုနဲ့ တရားစွဲခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Kim Hyun Joong က လွန်ခဲ့တဲ့ ၂၃ နှစ်တုန်းက ချစ်ကြိုက်ခဲ့တဲ့ အချစ်ဦးလေးကိုပဲ တန်ဖိုးထားလက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပထမဦးဆုံးသားလေးကိုတောင် ရရှိနေပါပြီ။

Google

တစ်ခေတ်တစ်ခါတုန်းက နှုတ်ခမ်းနီးမလေးတွေရဲ့ အသည်းစွဲ အချစ်ဦး မင်းသားဖြစ်ခဲ့ဖူးတဲ့ Kim Hyun Joong ရဲ့ အချစ်ဇာတ်လမ်းလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။