ဘတ်ချောအွန်းလို့လူသိများတဲ့ တောင်ကိုရီးယားမင်းသား So Ji Sub ရဲ့ ဇနီးဖြစ်သူတို့ ပထမဦးဆုံးအကြိမ် ပျော်ရွှင်စွာနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးပြီး လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အခုအကြောင်းအရာလေးကိုပန်းချီဆရာ Park Seo Bo က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မင်းသား So Ji Sub နဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူ Jo Eun Jung တို့ရဲ့ပုံရိပ်လေးကို ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

Google

ပန်းချီဆရာ ကိုယ်တိုင်ကလည်း အခုလို နာမည်ကြီးတဲ့ မင်းသား So Ji Sub နဲ့ အမျိုးသမီး ဖြစ်သူတို့က သူ့ရဲ့ ပြခန်းဆီကို အလေးအနက်ထားပြီး ရောက်ရှိလာတဲ့အတွက် ဝမ်းသာပျော်ရွှင်နေပါတယ်။  ဓာတ်ပုံလေးတွေထဲမှာ မင်းသား So Ji Sub နဲ့ သူ့ရဲ့အမျိုးသမီးဖြစ်သူ Jo Eun Jung တို့က တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားရင်း စိတ်အားထက်သန်စွာနဲ့ တရင်းတနှီးရှိနေကြပါတယ်။

Google
Google
Google

မင်းသား So Ji Sub နဲ့ အမျိုးသမီးဖြစ်သူ Jo Eun Jung တို့က မင်္ဂလာဆောင်ပြီးကတည်းက ပရိသတ်တွေရှေ့မှာ ပေါ်ပေါ်ထင်ထင်မနေဘဲ လျို့ဝှက်စွာနေထိုင်ခဲ့တဲ့စုံတွဲလေးဖြစ်ပြီး လူမြင်းကွင်းကိုလည်း ထွက်ခဲခဲ့ကြပါတယ်။

Google

သူတို့နှစ်ဦးက ၂၀၂၀ ခုနှစ်မှာ စုံတွဲတွေ ဖြစ်လာခဲ့ကြပြီး တစ်ယောက်အကြောင်းကို တစ်ယောက် နားလည်ခဲ့ကြပြီးမှ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။