တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့က ၂၀၁၉ ခုနှစ်တုန်းက Crash Landing on You ဇာတ်လမ်းတွဲမှာ အတူတွဲသရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။
ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြပြီး ၃ လအကြာမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ မွေးဖွားရက်ကို ဒီဇင်ဘာလလို့ကြေညာထားပေမယ့် ဒီကနေ့မှာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ ထူးထူးခြားခြားကို Son Ye Jin က သားဦးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီလို့ အေဂျင်စီဘက်ကနေ အတည်ပြုပေးလိုက်ပြီပဲဖြစ်ပါတယ်။
တောင်ကိုရီးယားနာမည်ကျော်ကြယ်ပွင့်တွေ ဖြစ်တဲ့ Hyun Bin နဲ့ Son Ye-jin တို့က လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပြီး လက်ထပ်တဲ့အချိန်မှာလည်း ကမ္ဘာနဲ့ချီနဲ့ ချီပြီး အားပေးခြင်း ခံခဲ့ရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ Hyun Bin နဲ့ Son Ye-jin တို့ရဲ့ ချစ်စရာ သတင်းလေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
ဖေဖေဘင်းနဲ့ မေမေဂျင်း ဖြစ်သွားလို့ ဂုဏ်ယူပါတယ်နော် .. အချစ်တော် စုံတွဲလေးရေ ..???
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။