တောင်ကိုရီးယားမင်းသမီး Seo Young ဟာဆိုရင် သမီးဦးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့် အသိပေးလာခဲ့ပါတယ်။ 

Google

မင်းသမီး Seo Young က နိုဝင်ဘာလ ၂၅ ရက်နေ့က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၂၄ ရက်နေ့ ၁၁ လပိုင်းမှာ နောက်ဆုံးတော့ မိခင်တစ်ယောက်ဖြစ်လာခဲ့ပြီဆိုပြီး ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ 

Google 

ဓာတ်ပုံလေးထဲမှာ Seo Young က သမီးလေးကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်နေတာကို အထင်အရှားတွေ့ရပါတယ်။Seo Young က သူမရဲ့မျက်နှာလေးကို mask နဲ့ ဖုံးထားပေမယ့် သူမရဲ့ပျော်ရွှင်မှုလေးတွေက မျက်လုံးကနေအတိုင်းသားမြင့်တွေ့ရပါတယ်။ 

Google

မင်းသမီး Seo Young ရဲ့သမီးလေးက ၃.၃၇ kg ကိုယ်အလေးချိန်ရှိတယ်လို့သိရပြီး အရမ်းကိုကျန်းမာသန်စွမ်းသူလေးဖြစ်ပါတယ်။ သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့အတွက် သူမရဲ့ ခင်ပွန်းဖြစ်သူဟာဆိုရင်လည်း ပြောမပြနိုင်အောင်ပျော်ရွှင်နေပြီး မျက်ရည်များတောင် ကျခဲ့ရတယ်လို့ ဆိုပါတယ်။ 

Google

မင်းသမီး Seo Young က သမီးလေးကို မင်္ဂလာမဆောင်ခင်မှာ ကိုယ်ဝန်ရခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေ များစွာ ခံခဲ့ရတာဖြစ်ပါတယ်။ 

Google

Seo Young က ၂၀၀၆ ခုနှစ်မှာ MBC ဒရမ်မာဖြစ်တဲ့ What’s Up Fox နဲ့ ပွဲဉီးထွက်လာခဲ့တာဖြစ်ပါတယ်။ 

Google

မင်းသမီး Seo Young ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန် လမှာ သူမထက် ပိုပြီးငယ်တဲ့ အနုပညာလောကထဲက မဟုတ်တဲ့သူနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။