တောင်ကိုရီးယားမင်းသား Lee Dong Wook နဲ့ မင်းသမီး Kim Hye Jun တို့ဟာဆိုရင် The Killer’s Shopping Mall အမည်ရတဲ့ ဒရမ်မာထဲမှာ ပါဝင်သရုပ်ဆောင်ကြတော့မှာပဲဖြစ်ပါတယ်။ Star News ရဲ့ အဆိုအရ မင်းသားLee Dong Wook နဲ့ မင်းသမီး Kim Hye Jun တို့က The Killer’s Shopping Mall မှာ ဉီးလေးနဲ့ တူမ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Google

The Killer’s Shopping Mall က ဇာတ်အိမ်ခိုင်တဲ့ ဝတ္တုကိုအခြေခံထားပြီး မိဘတွေဆုံးရှုံးထားရတဲ့ တူမနဲ့ စျေးဝယ်စင်တာကြီးကို ပိုင်ဆိုင်တဲ့ ဦးလေးဖြစ်သူတို့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ 

Google
Google

ဇာတ်လမ်းက စုစုပေါင်း ၈ ပိုင်းသာ ပါဝင်သွားမှာဖြစ်ပြီး နာမည်ကြီးမင်းသား Lee Dong Wook နဲ့ မင်းသမီး Kim Hye Jun  တို့ကို ဦးလေးနဲ့တူမအဖြစ် တွဲမြင်ရမှာဖြစ်လို့ ပရိသတ်တွေက များစွာမျှော်လင့်နေကြပါတယ်။

Google
Google

 The Killer’s Shopping Mall ဇာတ်လမ်းကတော့ ၂၀၂၃ ခုနှစ်ထဲမှာထွက်ရှိသွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။